News

POST TYPE

ALSO IN NEWS

ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတွေကို နားရက်အပိုဆုချတဲ့ ဂျပန်ကုမ္ပဏီ
05-Nov-2017

တိုကျိုအခြေစိုက် ဈေးကွက်ချဲ့ထွင်ရေး ကုမ္ပဏီတစ်ခုဟာ ဆေးလိပ် မသောက်တတ်တဲ့ ဝန်ထမ်းတွေကို နားရက်အပို အားလပ်ရက်တွေ ပေးပါသတဲ့။ Piala ကုမ္ပဏီရဲ့ ဒါရိုက်တာ ဟီရိုတတ်ကာမတ်ဆုရှီမာဟာ ဆေးလိပ် မသောက်တတ်တဲ့ ဝန်ထမ်း ၁၂၀ ကို နားရက် အပို ခြောက်ရက် ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ အလွန်ခေတ်စားနေပါတယ်”လို့  ဆေးလိပ်မသောက်သူ မတ်ဆုရှီမာ က ပြောကြားခဲ့ပါတယ်။ ဆေးလိပ်သောက်တဲ့ ဝန်ထမ်းတွေဟာ အလုပ်ချိန်အတွင်း ဆေးလိပ်သောက် နားနေချိန်ယူလေ့ရှိပြီးတော့ ဆေးလိပ် မသောက်တတ်သူတွေကတော့ နားချိန်မယူတာမို့ ပြန်လည်ပေးအပ်တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သူ့ကုမ္ပဏီမှာ သုံးပုံ နှစ်ပုံလောက်က ဆေးလိပ်မသောက်ပါဘူးလို့ မတ်ဆုရှီမာက ပြောကြားပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာ ဆေးလိပ် သောက်သုံးမှုနှုန်းက မြင့်နေဆဲဖြစ်ပြီး အသက် ၂၀ အထက် လူဦးရေရဲ့ ငါးပုံ တစ်ပုံဟာ ဆေးလိပ်သောက်ကြပါသတဲ့။

F-02


  • VIA