News

POST TYPE

ALSO IN NEWS

ရေသေနတ်နဲ့ ဘဏ်ဓားပြဝင်တိုက်သူ ထောင်ဆယ်နှစ်ကျ
04-Nov-2017

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ထဲက ဘဏ်နှစ်ခုကို ရေသေနတ်နဲ့ ဓားပြဝင်တိုက်ခဲ့သူကို ယခုအခါ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

တရားခံဟာ ရေသေနတ်ကို တကယ့် သေနတ်အစစ်နဲ့တူအောင် ပြုပြင်ခြယ်သပြီးတော့ ဓားပြမှု ကျူးလွန်သွားတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် အက်ဂါဒိုရီဗီရာကို ခြေချုပ်နဲ့ ငါးနှစ်နေဖို့အတွက်လည်း နောက်ထပ် ပြစ်ဒဏ် ချမှတ်ထားပါသေးတယ်။

ဘဏ်တွေကို ရေသေနတ်နဲ့ ဓားပြတိုက်သွားခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်သောင်းလောက် ရရှိသွားခဲ့တာ ဖြစ်ပါသတဲ့။

ဓားပြတိုက်ခံနေရချိန်မှာ အသတ် ခံရတော့မယ်လို့ ထင်ခဲ့မိကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

ရေသေနတ်နဲ့ပဲ ဓားပြတိုက်ခဲ့တာဖြစ်လို့ ဘယ်သူမှ မထိခိုက်ခဲ့ရတဲ့အတွက် မရှည်တဲ့ပြစ်ဒဏ် ပေးပါလို့ တရားခံရှေ့နေက လျှောက်ထားခဲ့ပါတယ်။

F-02


  • VIA