News

POST TYPE

ALSO IN NEWS

နော်ဝေမှာ မိုးကြိုးတွေ ပစ်လို့ သမင်အကောင် ၃ဝဝ သေဆုံး
30-Aug-2016
သဘာဝ ဘေးဒဏ်ကြောင့် သတ္တဝါတွေ ထိခိုက်ရတဲ့ သတင်းမှာ အခုသတင်းကတော့ တော်တော်လေး ဆိုးဝါးပါတယ်။ နော်ဝေနိုင်ငံ အလယ်ပိုင်းမှာ မိုးကြိုးပစ်တာကြောင့် တန်ဒြာ သမင်အကောင် ၃ဝဝကျော် သေဆုံးခဲ့ရပါတယ်။ သမင်ပေါင်းများစွာ ဟာဒန်ဂျီဗီဒါ ကုန်းပြင်မြင့်ငယ်ပေါ်မှာ သေဆုံးနေတဲ့ ဓာတ်ပုံကို နော်ဝေ သဘာဝ ပတ်ဝန်းကျင် အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ အတိအကျ ဆိုရရင် သတ္တဝါ ၃၂၃ ကောင် သေဆုံးခဲ့ရပြီး နွားသားပေါက်လေး အကောင် ၇ဝ လည်း ပါဝင်သွားခဲ့တယ်လို့ ဆိုထားပါတယ်။ မိုးကြိုးဒဏ်ကြောင့် သမင်တွေ သေရတာဟာ သိပ်ပြီး ဖြစ်ခဲလှတဲ့ကိစ္စ မဟုတ်ဘူးဆိုပေမယ့် ဒီနှစ် အသေအပျောက်က အလွန် များပြားကြောင်း အေဂျင်စီ ပြောခွင့်ရ အရာရှိ ကဂျာဒန်ကနက်ဆန်က ဆိုပါတယ်။

“ခုလောက် များများ သေဆုံးတာမျိုး အရင်က မကြားဖူးပါဘူး”လို့ သူက ပြောကြားပါတယ်။ တန်ဒြာသမင်တွေဟာ ရာသီဥတု ဆိုးဝါးပြီဆိုရင် တစ်ကောင်နဲ့ တစ်ကောင် ပူးကပ်ပြီး နေတတ်ပါတယ်။ ဒါကြောင့် မိုးကြိုးတစ်လုံး မှန်ရင် အများကြီး သေဆုံးရတာ ဖြစ်ပါတယ်။ မိုးကြိုး ဘယ်နှစ်ကြိမ်လောက် ပစ်လိုက်သလဲ ဆိုတာတော့ အေဂျင်စီက အတည် မပြုနိုင်ပါဘူး။ အဆိုပါ ကုန်းပြင်မြင့်မှာ ထောင်ပေါင်း များစွာသော တန်ဒြာသမင်တွေ ရွှေ့ပြောင်း နေလေ့ ရှိပါတယ်။



  • VIA