News

POST TYPE

ALSO IN NEWS

နယူးယောက်မှာ အလောင်းနှစ်လောင်း မေ့ကျန်ခဲ့လို့ ပါကစ္စတန်လေကြောင်းလိုင်း တောင်းပန်
02-Nov-2017
နယူးယောက်လေဆိပ်တွင် လာဟိုးမြို့သို့ သယ်ယူရန် သတ်မှတ်ထားတဲ့ အလောင်းနှစ်လောင်းကို မေ့ကျန်ခဲ့တဲ့အတွက် ပါကစ္စတန် အမျိုးသားလေကြောင်းလိုင်းက ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ နယူးယောက် လာဟိုးခရီးစဉ်ကို ဘဏ္ဍာရေးဆိုင်ရာ အရှုံးပြနေမှုကြောင့် ပါကစ္စတန် လေကြောင်းလိုင်းဟာ ရပ်နားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အလောင်း ကျန်ခဲ့တဲ့ခရီးစဉ်ဟာ အဆိုပါ လေကြောင်းလိုင်းရဲ့ နယူးယောက်ခရီးစဉ် နောက်ဆုံးဖြစ်တာမို့ တခြား လေကြောင်းလိုင်းနဲ့ ပို့ရပါတော့မယ်။

နာဆီရာအလီလို့အမည်ရတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ အီတီဟတ် လေကြောင်းလိုင်းနဲ့ လာဟိုးကို သယ်ဆောင်မှာ ဖြစ်ပါတယ်။ နောက်ထပ်အမျိုးသား တစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ မယ်ရီလန်းပြည်နယ်မှာပဲ မြှုပ်နှံတော့မှာဖြစ်ပါတယ်။

တစ်ချိန်တုန်းက လေကြောင်း ပို့ဆောင်ရေးကဏ္ဍမှာ ဦးဆောင်ခဲ့တဲ့ ဏှုဗ လေကြောင်းလိုင်းဟာ ပေါ့ဆမှုများကြောင့် မကြာခဏ တောင်းပန်နေရပြီးတော့ ဘီလီယံဒေါ်လာပေါင်း များစွာ အကြွေးတင်လျက်ရှိပါတယ်။

F-02


  • VIA