News

POST TYPE

ALSO IN NEWS

ရဲ Facebook က အလိုရှိသည် ထုတ်ပြန်ချက် Share တစ်ထောင်ရရင် အဖမ်းခံမယ်လို့ တရားခံစိန်ခေါ်
12-Oct-2017 tagged as


တရားခံပြေးတစ်ဦးကို သိပ်မကြီးတဲ့ ရာဇဝတ်မှုတွေနဲ့ အလိုရှိသည်လို့ ရဲက Facebook ပေါ်ကနေ ကြေညာခဲ့ပါတယ်။ တရားခံပြေးဖြစ်သူက အဲဒီစာမျက်နှာမှာ လာရောက် စာတိုပို့ပေးခဲ့ပြီး Share တစ်ထောင်ရပါက ဒိုးနတ်မုန့်တွေသယ်ပြီး လာအဖမ်းခံပါ့မယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ရက်ဒ်ဖို့မြို့ ရဲတပ်ဖွဲ့က အဲဒီ Facebook ရေးသားချက်ကို ပြန်တင်ခဲ့ပြီး အများသူငါက Share ခိုင်းရာမှာ စုစုပေါင်း Share လေးထောင်ကျော် ရသွားခဲ့ပါပြီ။ တိုရီနိုလို့ အမည်ရတဲ့ တရားခံပြေးကတော့ ပြီးခဲ့တဲ့တနင်္လာနေ့က အထိ လာရောက် အဖမ်းခံခြင်းတော့ မရှိသေးပါဘူးတဲ့။ လူမှုကွန်ရက် အသုံးပြုသူ မိဘပြည်သူများနဲ့ ပြည်သူ့ရဲတို့ရဲ့ Facebook ပေါ်မှာ တရားခံနဲ့ အားပြိုင်ပွဲ ဖြစ်ခဲ့ပါ တယ်။ ရဲနဲ့ပြည်သူလက်တွဲကူ Share များများလုပ်ကြစို့လို့ ဆောင်ပုဒ်ပြောင်းရမလိုပါပဲ။ 

“သူက ဒိုးနတ်မုန့်ကျွေးမယ် ပြောတာကိုးဗျ။ သိတဲ့အတိုင်း ကျွန်တော်တို့ကလည်း ဒိုးနတ်မုန့်ဆို သိပ်ကြိုက်တာ” ဆိုပြီးရဲတွေက ပြန်လည် လှောင်ပြောင်ရေးသားထား ကြပါတယ်။

F-02

  • TAGS