News

POST TYPE

ALSO IN NEWS

နိုင်ငံခြားမှာ မျက်နှာခွဲစိတ်ပြုပြင်တဲ့ အမျိုးသမီးတွေ နေရပ်ပြန်ဝင်လို့မရ
11-Oct-2017 tagged as

တရုတ်နိုင်ငံက အမျိုးသမီးသုံးဦးဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး မျက်နှာခွဲစိတ်ကုသမှု ခံယူခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တော်ပြန်အဝင်မှာ လေဆိပ် လူဝင်မှုကြီးကြပ်ရေး အရာရှိက သူတို့မျက်နှာဟာ ဓာတ်ပုံနဲ့ မတူတော့တာမို့ ပေးမဝင်ဘူး ဖြစ်နေပါတယ်။ သူတို့ သုံးဦးဟာ တရုတ်နိုင်ငံ ခရီးသွား အားလပ်ရက်အတွင်း တောင်ကိုရီးယားနိုင်ငံကို သွားခဲ့ကြတာ ဖြစ်ပါတယ်။ မျက်နှာခွဲစိတ် ခံထားရတာမို့ ယောင်ကိုင်းနေပြီး ပတ်တီးတွေကလည်း မျက်နှာအပြည့် လုံးပတ်ထားတာမို့ ဝန်ထမ်းက မမှတ်မိတာလည်း လွန်တော့ မလွန်ပါဘူး။ သူတို့ဟာ လေယာဉ်လက်မှတ်နဲ့ တခြားပြစရာ စာရွက်စာတမ်းတွေ အကုန်ပြနိုင်ခဲ့ပေမယ့် ဝန်ထမ်းက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ပြည်တော်ပြန်ဝင်ခွင့် သတင်းကို အတိအကျ မသိရသေးပေမယ့် သုံးဦးသား ဓာတ်ပုံကတော့ အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီဖြစ်ပါတယ်။

F-02

  • TAGS