News

POST TYPE

ALSO IN NEWS

ကိုယ့်ကိုယ်ကိုယ် မဲပေးရုံနဲ့ ရွေးကောက်ပွဲနိုင်တဲ့ မြို့အုပ်လောင်း
10-Oct-2017 tagged as

အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ်က မန်ဟက်တန်ဆိုတဲ့ မြို့ကလေးမှာ မြို့အုပ်မင်းရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့တော်ဝန်နေရာကို ဝင်ရောက် ယှဉ်ပြိုင်မယ့်သူက တစ်ယောက်တည်းရှိတာမို့ ကိုယ့်ကိုယ်ကိုယ် တစ်မဲပေးလိုက်ရုံနဲ့ကို မြို့အုပ်ဖြစ်ပါပြီ။ နိုဝင်ဘာလမှာပြုလုပ်မယ့် အဆိုပါ ရွေးကောက်ပွဲကို ဂလန်ကလီးမန့်စ်လို့ အမည်ရတဲ့ အဲဒီပုဂ္ဂိုလ်တစ်ဦးသာ ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။ ရေတပ် စစ်ပြန်တစ်ဦးလည်းဖြစ်ပြီး ဘူမိဗေဒပညာရှင် အင်ဂျင်နီယာတစ်ဦးလည်းဖြစ်သူ ဂလန်ကလီးမန့်စ်ဟာ လူဦးရေ ၁၅၀ဝ လောက်ပဲရှိတဲ့ ဒီမြို့လေးမှာနေတာ ၆ နှစ်ရှိပါပြီ။ မြို့တော်ကောင်စီ အတွင်းရေးမှူးနဲ့ ရဲအရာရှိတို့က သူ့သူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ သူတို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားပေးခဲ့ကြတာ ဖြစ်ပါသတဲ့။ သူက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဝင်ပြိုင်ခဲ့ပေမယ့် ဘယ်သူကမှ စိတ်မဝင်စားခဲ့ကြဘူးလို့ မြို့အုပ်လောင်းက ဆိုထားပါတယ်။

F-02

  • TAGS