News

POST TYPE

ALSO IN NEWS

ကျန်းမာရေးလှုပ်ရှားမှု မာရသွန်ပွဲ ဝင်ပြေးတဲ့ တူနီးရှား ကျန်းမာရေးဝန်ကြီး ကွယ်လွန်
09-Oct-2017 tagged as


ကင်ဆာဝေဒနာရှင် ကလေးငယ်များအတွက် ရန်ပုံငွေ ပြုလုပ်တဲ့ အပြေးပြိုင်ပွဲ တစ်ခုအပြီးမှာ တူနီးရှားကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေးချွတ်ယွင်းပြီး ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးဟာ မီတာ ၅၀ဝ လောက်ဝင်ပြေးခဲ့ပြီး စမထွက်ခင်မှာ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အပြေးပြိုင်ပွဲဟာ ရန်ပုံငွေရှာပွဲဖြစ်ပြီး ကင်ဆာဝေဒနာရှင် ကလေးငယ်တွေအတွက် ရည်ရွယ်ပြုလုပ်တာပါလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တူနီးရှားကျန်းမာရေးဝန်ကြီး မစ္စတာ ဆလင်းချာကာဟာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အဲဒီ အပြေးပြိုင်ပွဲအပြီးမှာ နှလုံးရိုက်ခတ်မှု ဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ မြို့တော် တူးနစ်စ်အခြေစိုက် စစ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ပါတယ်။ 

“ညီအစ်ကို တစ်ယောက်လည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ သူ့ကို ဆုံးရှုံးခဲ့ရပါတယ်”လို့ တူနီးရှားဝန်ကြီးချုပ် ယူဆွတ်ဖ်ချာဟဒ်က Facebook မှာ ရေးသားထားပါတယ်။    

F-02

  • TAGS