News

POST TYPE

ALSO IN NEWS

အစားအသောက်ထဲ ပါဝင်တဲ့ပစ္စည်းတွေမှာ ချစ်ခြင်းမေတ္တာကို ထည့်မှု FDA လက်မခံ
08-Oct-2017 tagged as

အစားအသောက် ထုပ်ပိုးမှုတွေရဲ့ နောက်ကျောမှာ ပါဝင်တဲ့ ပါဝင်ကိန်းတွေ တန်းစီရေးသားထားတာက ဥပဒေအရ မဖြစ်မနေ ထည့်ပေးရတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ်အခြေစိုက် မုန့်လုပ်ငန်းတစ်ခုက သူတို့ထုတ်ကုန်တွေရဲ့ ပါဝင်တဲ့အာဟာရတွေ စာရင်းထဲမှာ ချစ်ခြင်းမေတ္တာဆိုတာကိုပါ ထည့်ထားပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဌာနက အဆိုပါ မစစ်ဆေးနိုင်တဲ့ပစ္စည်းကို စာရင်းထည့်မှုကို လက်မခံဘူးလို့ တုံ့ပြန်ထားပါတယ်။ နာရှိုဘာမုန့်လုပ်ငန်းဟာ မမှန်တဲ့ အချက်အလက် ထည့်သွင်းမှု မြောက်နိုင်တယ်လို့ FDA က သတိပေးထားပါသေးတယ်။ မုန့်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲမှာ ချစ်ခြင်း မေတ္တာဆိုတာကို ဂုဏ်ယူစွာ ထည့်သွင်းခဲ့တာ ဖြစ်ပါကြောင်း မုန့်လုပ်ငန်းက ပြန်လည် တုံ့ပြန်ထားပါတယ်။ အစားအသောက်နဲ့ ဆေးဝါး မှန်ကန်စစ်မှန်ရေးအတွက် နောက်တစ်ကြိမ် စစ်ဆေးရေးဝင်ရင် ကုမ္ပဏီအနေနဲ့ ပြင်ဆင်ပြီး ဖြစ်စေချင်ကြောင်း FDA က သတိပေးလိုက်ပါတယ်။

F-02

  • TAGS