News

POST TYPE

ALSO IN NEWS

ဂျက်ဒန်နီယယ် ဝီစကီတံဆိပ်အလံ ISIS အလံနဲ့ အမှားခံရ
08-Oct-2017 tagged as ဆွစ်ဇာလန် IS IS


ဆွစ်ဇာလန်တွင် နေထိုင်သူတစ်ဦးဟာ ISIS အလံကို အိမ်မှာလွှင့်ထားတယ် ဆိုပြီးတော့ အိမ်နီးချင်းတစ်ဦးရဲ့ ကန့်ကွက်စာကို ရရှိခဲ့ပါတယ်။ တကယ်တော့ သူ ထူထားတာဟာ ISIS အဖွဲ့ရဲ့အလံ မဟုတ်ပါဘူး။ ကမ္ဘာကျော် အမေရိကန် ဝီစကီ ဂျက်ဒန်နီယယ် တံဆိပ်အလံပဲ ဖြစ်ပါတယ်။

ဇူးရစ်မြို့မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ တန်နက်စီ အခြေစိုက် ဝီစကီ အမှတ်တံဆိပ်ကို တိုင်မှာ ထောင်ထားတာဖြစ်ပါတယ်။ သူက အဆိုပါ ဝီစကီကို နှစ်သက်လို့ ဖြစ်ပါတယ်။

အနက်ပေါ်မှာ အဖြူရောင် စာသားတွေနဲ့ ဂျက်ဒန်နီယယ် တံဆိပ်ဟာ ISIS တံဆိပ်နဲ့ ဆင်တူနေပါသတဲ့။

“ငါတို့ မင်းကို ကြောက်နေသင့်ပါသလား။ မင်းဟာ ISIS အဖွဲ့ကို ထောက်ခံသူလား” ဆိုတဲ့စာကို ရခဲ့တာဖြစ်ပါတယ်။ ဒီအမျိုးသားကတော့ သူဟာ ဘာသာရေး အစွန်းရောက် မဟုတ်ပါကြောင်း အိမ်နီးချင်းတွေကို ရှင်းပြခဲ့ရပါသတဲ့။

F-02