News

POST TYPE

ALSO IN NEWS

တက္ကဆက်က အိမ်သာအဖုံး အနုပညာပြပွဲ
07-Oct-2017 tagged as အမေရိကန်

အမေရိကန်ပြည်ထောင်စု တက္ကဆက်နယ်သား အမျိုးသားကြီး တစ်ဦးဟာ အိမ်သာအဖုံးတွေပေါ်မှာ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ပြပွဲပြုလုပ်ခဲ့ပါတယ်။

၎င်းဟာ အိမ်သာ အဖုံးတွေကို နှစ်ပေါင်း ၅၀ လောက် စုဆောင်းပြီးတော့ အဆိုပါပြပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါသတဲ့။

အသက် ၆၉ နှစ်အရွယ် ဘာနီစမစ်ဟာ အိမ်သာဖုံး အနုပညာပြခန်းကို ပြသခဲ့တာဖြစ်ပြီး အိမ်သာဖုံးပေါင်း ၁၃၀ဝ ကျော်မှာ ဖန်တီးထားတဲ့ သူ့ရဲ့လက်ရာတွေကို ပြသခဲ့ပါတယ်။

နိုင်ငံစုံက လူအတော်များများ ထောင်နဲ့ချီပြီး လာကြည့်ခဲ့ပါတယ်လို့ ပြတိုက်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

စမစ်ရဲ့ အနုပညာ လက်ရာတွေကို အွန်လိုင်းပေါ် တင်ပြီးလည်း ရောင်းချနေပြီး ဒစ်ဂျစ်တယ်ပြတိုက် တစ်ခုကိုလည်း ဖန်တီးထားပါတယ်။

အသက်အရွယ် ထောက်လာပြီမို့ နောက်ထပ်လက်ရာတွေ ခပ်သွက်သွက် မဖန်တီးနိုင်တော့တာမို့ သူ့လက်ရာတွေကို ချရောင်းနေတာ ဖြစ်တယ်လို့ စမစ်က ပြောကြားပါတယ်။

F-02