News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ဝက်ဝံရုပ် အများဆုံး စုဆောင်းနိုင်သူမှာ တက်ဒီဝက်ဝံရုပ် ဘယ်လောက်ရှိသလဲ
07-Oct-2017 tagged as

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနား ပြည်နယ်သူ အမျိုးသမီးတစ်ဦးဟာ နှစ်ပေါင်း ၂၀ လောက် ဝက်ဝံရုပ်တွေကို တစိုက်မတ်မတ် စုဆောင်းလာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုက အကျိုးပေးပါတယ်။ ကမ္ဘာ့ဝက်ဝံရုပ် အများဆုံး စုဆောင်းနိုင်မှု ခေါင်းစဉ်နဲ့ ဂရင်းနစ်စံချိန်ထဲပါသွားခဲ့ပါပြီ။ အသက် ၆၈ နှစ်အရွယ် ဂျက်ကီမိုင်လေးဟာ စုစုပေါင်း တက်ဒီဝက်ဝံရုပ် ၈၀၂၆ ရုပ်စုဆောင်းပြီး စံချိန်တင်နိုင်ခြင်း ဖြစ်ပါတယ်။ သူမ ဝယ်ယူစုဆောင်းထားတဲ့ ဝက်ဝံရုပ်တွေဟာ အမေရိကန်ပြည်ထောင်စု ပြည်နယ်တိုင်းကဖြစ်ပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံကလည်း ပါဝင်ပါသတဲ့။ သူမ စုဆောင်းထားတဲ့ ဝက်ဝံတွေဟာ အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ ဒီဇိုင်း၊ အရောင်မျိုးစုံတို့ ဖြစ်ကြပါတယ်။ အရွယ်အစားအားဖြင့် ၃ လက်မ အရွယ် ဝက်ဝံရုပ်မှသည် အကြီးဆုံး ၈ ပေအထိ ရှိပါတယ်။

F-02

  • TAGS