News

POST TYPE

ALSO IN NEWS

ဂြိုဟ်သားတွေ အန္တရာယ်ကို သတိပေးဖို့ အနာဂတ်ကလာသူလို့ပြောတဲ့ မူးယစ်သောက်စားသူ အဖမ်းခံရ
06-Oct-2017 tagged as

အမေရိကန်ပြည်ထောင်စု ဝိုင်ယိုမင်ပြည်နယ်သားတစ်ဦးဟာ မူးယစ်ရမ်းကားမှုနဲ့ အဖမ်းခံရပါတယ်။ ဒါပေမဲ့ လာဖမ်းတဲ့ရဲတွေက စစ်ဆေးတဲ့အခါမှာတော့ သူဟာ အနာဂတ်ကနေ အချိန်ခရီးသွားပြီး လာခဲ့သူ ဖြစ်ကြောင်းနဲ့ ဂြိုဟ်သားတွေ အန္တရာယ် သတိပေးဖို့ လာခဲ့သူဖြစ်ကြောင်း အစစ်ဆေးခံခဲ့ပါတယ်။ ညပိုင်းဆယ်နာရီခွဲမှာ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ ၂၀၄၈ ခုနှစ်က လာသူ ဖြစ်ကြောင်း ပြောနေတယ်လို့ ကတ်စ်ပါ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ လာမယ့်နှစ်မှာ ဂြိုဟ်သားတွေ ကျူးကျော်တော့မှာ ဖြစ်တာကြောင့် ထွက်ခွာသွားသင့်တယ်လို့ အဲဒီအဖမ်းခံရသူက ဆိုပါသတဲ့။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ချင်ကြောင်းကိုလည်း ရဲတွေကို ပြောဆိုခဲ့ပါတယ်။ သူ့ကို ခန္ဓာကိုယ်ထဲမှာ အယ်ကိုဟော အရက်ဓာတ်တွေကို ဂြိုဟ်သားတွေက ထည့်ပေးလိုက်တာ ဖြစ်ပါကြောင်း၊ သူတကယ်သွားချင်တာ ၂၀၁၈ ဖြစ်ပါကြောင်းလည်း သူက လျှောက်လဲချက်ပေးခဲ့ပါတယ်။       

F-02


  • TAGS