News

POST TYPE

ALSO IN NEWS

ဆပ်ကပ်က လွတ်သွားတဲ့ မြင်းကျားတွေ မြို့ထဲလျှောက်ပြေး
05-Oct-2017 tagged as

မြင်းကျားတွေ အုပ်စုလိုက်ဟာ လျင်မြန်တဲ့အရှိန်နဲ့ ပြေးလွှားနေကြပါတယ်။ ရုပ်သံလိုင်းတွေမှာ တွေ့ရသလို မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ မဟုတ်ဘဲနဲ့ ဟန်ဂေရီနိုင်ငံက ကတ္တရာ လမ်းမကြီးပေါ်မှာ ဖြစ်ပါတယ်။ ကားသွား ကားလာ များပြားလှတဲ့ မြို့လယ်က လမ်းမကြီးပေါ်မှာ သားရိုင်းတိရစ္ဆာန် မြင်းကျားတွေ အုပ်လိုက်ပြေးနေကြတာမို့ လမ်းသွား လမ်းလာတွေ အံ့အားသင့်ခဲ့ကြပါတယ်။

အဲဒီမြင်းကျားတွေဟာ ဆပ်ကပ်ထဲက လွတ်သွားတာဖြစ်ပြီး ဆပ်ကပ်အမှုထမ်းတွေက နောက်ကနေ တောက်လျှောက် လိုက်ဖမ်းနေကြတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ ဝန်ထမ်းတစ်ဦးက ခြံစည်းရိုးကို ကောင်းမွန်စွာ မပိတ်ခဲ့တဲ့အတွက် မြင်းကျား ခြောက်ကောင် လွတ်မြောက်သွားတယ်လို့ ဟန်ဂေရီ အမျိုးသား ဆပ်ကပ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ခုတော့ မြင်းကျားတွေကို ပြန်မိခဲ့ပြီဖြစ်ပြီးတော့ မြင်းကျား တစ်ကောင်မှ ဒဏ်ရာရရှိခြင်း မရှိဘူးလို့လည်း သတင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

F-02

  • TAGS