News

POST TYPE

ALSO IN NEWS

ဆေးရုံတစ်ခုတည်းမှာ တစ်ရက်တည်း မွေးဖွားခဲ့သူနှစ်ဦး လက်ထပ်ပြီ
04-Oct-2017 tagged as

မွေးနေ့ထပ်တူကျပြီး မွေးတဲ့နေရာပါ အတူတူဖြစ်ခဲ့တဲ့ ချစ်သူနှစ်ဦးဟာ ယခုဆိုရင် မင်္ဂလာမောင်နှံ ဖြစ်သွားခဲ့ပါပြီ။ အမေရိကန် ပြည်ထောင်စု မက်ဆာချူး ဆက်ပြည်နယ် ဆေးရုံကနေ တူတူမွေးဖွားခဲ့သူ နှစ်ဦးဟာ နောင်အနှစ် ၂၀ အကြာမှာ တိုက်တိုက်ဆိုင်ဆိုင် ချစ်သူတွေ ဖြစ်သွားခဲ့ပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ ရပ်ရွာများမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အထက်တန်းကျောင်းမှာ ပြန်တွေ့ခဲ့ကြပြီးတော့ ချစ်သူတွေ ဖြစ်သွားကြတာဖြစ်ပါတယ်။ မြင်မြင်ချင်းဆိုသလို ချစ်ခဲ့ကြတာပါလို့ သတို့သမီးဖြစ်သူ ဂိုမက်စ်က ပြောကြားခဲ့ပါတယ်။ သတို့သားနာမည်က ဘားရို့စ်ဖြစ်ပြီးတော့ တိုက်ဆိုင်လှတဲ့ ဖူးစာဆုံမှုကြောင့် ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။

F-02

  • TAGS