News

POST TYPE

ALSO IN NEWS

တောင်ကိုရီးယားသမ္မတ ကိုယ်တိုင် ယာဉ်ကြောပိတ်ဆို့မှု သတင်းကို ရေဒီယိုတွင် ကြေညာ
03-Oct-2017 tagged as

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ ရေဒီယို အသံလွှင့်ရုံတစ်ရုံမှာ ယာဉ်ကြောပိတ်ဆို့မှု သတင်းတွေကို တစ်ရက်တာ လာရောက် ကြေညာပေးသွားခဲ့ပြီး သောတရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ပြည်သူနဲ့ တသားတည်း ဖြစ်စေဖို့ဆိုတဲ့ သူ့ရဲ့လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် တိုင်းပြည်ခေါင်းဆောင်ဟာ ရေဒီယိုဆီကို ရောက်လာပြီး သတင်းကြေညာကာ သောတရှင်များကို စကားပြောခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ကြောဆိုင်ရာ အသံလွှင့်မှုစနစ်ဟာ ဆိုးလ်ဒေသဆိုင်ရာ အစိုးရပိုင်တဲ့ ရေဒီယို အသံလွှင့်ရုံဖြစ်ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှု သတင်းတွေနဲ့ ခရီးသွားလာမှု သတင်းတွေကို ထုတ်လွှင့်ပေးနေပါတယ်။ ကိုရီးယားပြည်သူတွေ နယ်ပြန်ခရီးသွားတဲ့ ရာသီမှာ မစ္စတာမွန်းက အသံလွှင့်ရုံကို ရောက်လာခဲ့တာဖြစ်ပါတယ်။

“ဟယ်လို ကျွန်တော်က မွန်ဂျေအင်းပါ။ အသံလွှင့်ရုံကို ရောက်လာတဲ့အတွက် ခင်ဗျားတို့ အံ့ဩသွားမယ်လို့ ထင်ပါတယ်”ဆိုပြီး သမ္မတက သောတရှင်တွေကို နုတ်ဆက်ခဲ့ပါတယ်။
ယာဉ်မောင်းတွေကို ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်စေကြောင်း အန္တရာယ်ကင်းရှင်းရေး အကြံဉာဏ်တွေ ပေးခဲ့ပါသတဲ့။

F-02

  • TAGS