News

POST TYPE

ALSO IN NEWS

ထောင်တွင်းထုတ် Made In Prison ဆိုတဲ့ ထုတ်ကုန်တွေ ဈေးကွက်ထဲ ရုရှားပို့မတဲ့
02-Oct-2017 tagged as ရုရှား


ရုရှားမှာဈေးဝယ်ခဲ့ရင် တချို့ ထုတ်ကုန်တွေမှာ “Made In Prison ထောင်ထဲတွင် ထုတ်လုပ်သည်”ဆိုတဲ့ အမှတ်အသားလေးတွေ ပါလာတော့မှာ ဖြစ်ပါတယ်။ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ စာရင်းသွင်းမှုတွေ ပြုလုပ်ခဲ့ပြီလို့ ရုရှားသတင်းဌာန Moskva က ဖော်ပြထားပါတယ်။ ရုရှားဟာ ဥရောပတစ်လွှားမှာ ထောင်ကျနှုန်းမြင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ထောင်စနစ်ကို စောင့်ကြည့် ကြီးကြပ်မှု အကန့်အသတ်ရှိတာကြောင့် ထောင်သားတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်မှု၊ အကျင့်ပျက်မှုတွေ တိုးပွားနေတယ်လို့ ရုရှားပြည်တွင်း စောင့်ကြည့် လေ့လာသူတွေက ဆိုပါတယ်။ ပြည်ထောင်စုအဆင့် အကျဉ်းဦးစီးဌာနက “ထောင်တွင်းပြုလုပ်သည်”ဆိုတဲ့ Made In Prison စာသားတွေကို ထုတ်ကုန်တိုင်းမှာ တပ်ပေးမှာဖြစ်ပါသတဲ့။ အဲဒီ အမှတ်အသားတွေဟာ ရိုးရှင်းမြင်သာပြီးတော့ ပြန်လည် သိမ်းဆည်း ပြင်ဆင်ရာမှာလည်း လွယ်ကူစေပါသတဲ့။

F-02