News

POST TYPE

ALSO IN NEWS

အမေရိကန် တစ်ဦး ရည်းစားဟောင်းဆီ စပါးကြီးမြွေ တစ်ကောင် ပို့လိုက်သတဲ့
27-Aug-2016
အမေရိကန် ပြည်ထောင်စု ဝစ်စ်ကွန် ဆင်နယ်သား တစ်ဦးဟာ သက်ရှိစပါးကြီး မြွေတစ်ကောင်ကို ရည်းစားဟောင်းဆီကို ပို့လိုက်ပါသတဲ့။

အဲရစ်ဘားရိုးလို့ အမည်ရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားဟာ ချစ်သူဟောင်းကို အဆိုပါ လက်ဆောင် လှမ်းပို့ လိုက်တာ ဖြစ်ပါတယ်။ 

သူဟာ ချစ်သူဟောင်းကို ဖုန်းဆက်ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်တာ၊ အီးမေးလ်နဲ့လည်း အနှောင့်အယှက်တွေ ပြုလုပ်ခဲ့ဖူးတယ်လို့ ဥပဒေ အရာရှိတွေက ဆိုပါတယ်။ 

ပို့လိုက်တဲ့ ပါဆယ်ထုပ်ကို အာဏာပိုင်တွေက သမင်္ကာလို့ ဖွင့်ကြည့်ရာက  စပါးကြီး မြွေကြီး တစ်ကောင် တွေ့ရှိရတာ ဖြစ်ပါတယ်။

စာလည်း ရေးထားပါသေးတယ်။ သိပ်လန့်သွားပလား ငလိမ်မ။ ဒါ မင်းနဲ့ ထိုက်တန်တာပဲ။ ခုတော့ အရေးစိုက်ရပြီ မဟုတ်လားလို့လည်း ပါရှိပါတယ်။

သူဟာ တရားရုံးကို တက်ရပါတော့မယ်။ နှောင့်ယှက်မှု၊ အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင် ခံထားရတာပါ။ 

Ref : UPI


  • VIA