News

POST TYPE

ALSO IN NEWS

ပေငါးဆယ်အမြင့်ရှိ Pokimon အရုပ်များ စုစည်းမှု နံရံပန်းချီ နယူးယောက်တွင် ခြယ်မှုန်း
27-Aug-2016
Pokimon Go ဂိမ်း ဝက်ဝက်ကွဲ အောင်မြင်နေတဲ့ အချိန်မှာ နယူးယောက်က ပန်းချီဆရာ တစ်ယောက်က ဒီအကောင်လေးတွေကို သူ ဘယ်လောက် ချစ်ကြောင်း ဧရာမ အနုပညာကြီးနဲ့ ပြသခဲ့ပါတယ်။

အကောင်တွေ အားလုံးကို စုစည်း ရေးဆွဲထားပြီးတော့ စိတ်ခွန်အား တက်ကြွစေမယ့် စာသားတွေလည်း ရေးသားထားပါတယ်။

အီဖရန်အန် ဒါလက်ဇ်လို့ အမည်ရတဲ့ အသက် ၂၉ နှစ်အရွယ် အနုပညာရှင်ဟာ ဒီပန်းချီကားကို ရေးဆွဲဖို့ မှုတ်ဆေးဘူး တစ်ရာ့ငါးဆယ်ကို သုံးခဲ့ရပါတယ်။

ပေးငါးဆယ်လောက် အမြင့်ရှိတဲ့ သူ့ပန်းချီကားကိုဆွဲဖို့ ၁ဝ ရက်လောက် ကြာခဲ့ပါတယ်တဲ့။

“ကိုယ့်ရပ်ရွာကို ချစ်ပါ”၊ “မူးယစ်ဆေးကို မသုံးပါနဲ့” အစရှိတဲ့ စာသားတွေ ရေးထားပါသေးတယ်။

အဆိုပါ နံရံမှာ တစ်ခုခု ဆွဲချင်တာ ကြာပြီဆိုပေမယ့် ဘာဆွဲရမှန်း မသိလို့  စောင့်နေတာပါလို့ ဂရက်ဖီတီ ပန်းချီဆရာက ပြောပြပါတယ်။

Ref : UPI


  • VIA