News

POST TYPE

ALSO IN NEWS

ဒေါ်နယ်ထရမ့်ပုံနဲ့ မူးယစ်ဆေးဝါးတွေ ဂျာမနီမှာ ဖမ်းမိ
24-Aug-2017

Ecstasy လို့ခေါ်တဲ့ ပါတီပွဲသုံး မူးယစ်ဆေးဝါး များစွာကို ဂျာမနီမှာ ဖမ်းမိခဲ့ပါတယ်။ ဆေးပြားထောင်ပေါင်း များစွာကို ဒေါ်နယ်ထရမ့်ခေါင်းပုံ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကာလပေါက်ဈေး ယူရိုငွေ သုံးသောင်းကိုးထောင်လောက် တန်ကြေး ရှိမယ့် မူးယစ်ဆေးဝါးတွေဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းဒေသက ရဲတွေဟာ ဩစတီးရီးယန်း ကားတစ်စီးကို စစ်ဆေးရင်းနဲ့ အဲဒီဆေးတွေကို တွေ့ရှိရတာပါ။ ကားထဲမှာ အသက် ၅၁ နှစ်အရွယ် အမျိုးသားကြီးနဲ့ သားဖြစ်သူတို့ ပါဝင်ပါတယ်။ နယ်သာလန်က ပြန်လာတာဖြစ်ပြီး ကားဝယ်ဖို့သွားတာလို့ ဖြေကြားတဲ့အခါ ရဲတွေက ကားကို စစ်ဆေးခဲ့ကြပါတယ်။ ဒေါ်နယ်ထရမ့်ပုံ လိမ္မော်ရောင် ဆေးပြားငါးထောင်ခန့်ကို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။ ငွေကြေးလည်း အများကြီး ပါလာပါသတဲ့။ ကားကို သိမ်းလိုက်ပြီး သားအဖ နှစ်ယောက်လုံးကို ဖမ်းဆီးထားပါသတဲ့။

F-02

  • VIA