News

POST TYPE

ALSO IN NEWS

ဒိန်းမတ်အိမ်ရှေ့မင်းသား ဩစတြေးလျမှာ မှတ်ပုံတင်မပြနိုင်လို့ ဘားဆိုင်ထဲ ဝင်ခွင့်မရ
22-Aug-2017
ဒိန်းမတ်နိုင်ငံရဲ့ပြည့်ရှင်မင်းလောင်းလျာ အိမ်ရှေ့မင်းသား ဖရက်ဒရစ်ဟာ ကွင်းစ်လန်ပြည်နယ်ရဲ့ ဥပဒေအရ ဘားဆိုင်ထဲဝင်ခါနီး မှတ်ပုံတင်ပါမလာလို့ ဆိုင်ထဲ ဝင်ခွင့်မရခဲ့ပါဘူး။ တချို့နိုင်ငံတွေမှာတော့ အိမ်ရှေ့မင်းသား မပြောနဲ့ လူကြီးသားသမီး ဆိုရင်တောင် ကြောက်နေရတဲ့ခေတ် တစ်ခေတ်ရှိခဲ့ပါတယ်။ ဩစတြေးလျ ကွင်းစ်လန် ပြည်နယ်ဥပဒေအရ ညဘက် အကြမ်းပတမ်း ဖြစ်စဉ်တွေကို လျှော့ချနိုင်ဖို့ ညဆယ်နာရီ နောက်ပိုင်းဆို ဆိုင်ထဲဝင်ချင်ရင် မှတ်ပုံတင်ကို Scan ဖတ်ရမှာဖြစ်ပါတယ်။ ဩစတြေးလျသူ မင်းသမီးမေရီနဲ့ လက်ထပ်ထားတဲ့ ဒိန်းမတ် အိမ်ရှေ့မင်းသားဟာ ဩစတြေးလျနိုင်ငံ ကွင်းစ်လန်ပြည်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘရစ္စဘိန်းမြို့က ဘားဆိုင်မှာ ဆိုင်ထဲ ပေးမဝင်တဲ့ဖြစ်စဉ်နဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ မင်းသားဟာ ဟာမီတန်ကျွန်း လှေပြိုင်ပွဲမတိုင်ခင် တစ်ပတ်ကြိုပြီး ကျွန်းကိုရောက်နေတာဖြစ်ပါတယ်။ မင်းသားကို ပြည်ပဂုဏ်သရေရှိ ဧည့်သည်များ ကာကွယ်စောင့်ရှောက်ရေး ရဲတွေနဲ့ စောင့်ကြည့်ကာကွယ်ပေးလျက်ရှိရာ ဆိုင်ကို အတူပါလာပေမယ့် အဲဒီရဲတွေကလည်း အရပ်ဝတ်နဲ့ ဖြစ်နေပါတယ်။

F-02



  • VIA