News

POST TYPE

ALSO IN NEWS

ပျောက်သွားတဲ့လက်စွပ်ပြန်တွေ့တဲ့ အထိမ်းအမှတ်အဖြစ် တရုတ်မှာ လူ ၅၀ဝ၀ ကို ချဉ်စပ်ခေါက်ဆွဲကျွေး
21-Aug-2017

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့မှာ အမျိုးသား တစ်ဦးက လူငါးထောင်စာ ချဉ်စပ်ခေါက်ဆွဲ ဝယ်ကျွေးခဲ့ပြီး ပျောက်သွားတဲ့ သူ့ရဲ့ စေ့စပ်လက်စွပ် ပြန်တွေ့တဲ့ အထိမ်းအမှတ်လို့ ဆိုပါတယ်။ ဝမ်လို့ အမည်ရတဲ့ အမျိုးသားဟာ သူတို့ချစ်သူနှစ်ဦး တစ်နှစ်သက်တမ်းမှာ လက်ထပ်ခွင့် တောင်းဖို့အတွက် စိန်လက်စွပ်လေးကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်လို့ ချုံကင်းနံနက်ခင်း သတင်းစာက ဖော်ပြထားပါတယ်။ တစ်ရက်တော့ သူ့ရဲ့ လက်ကိုင်အိတ် ပျောက်သွားတော့ လက်စွပ်ပါသွားခဲ့ပါတယ်။ စိန်လက်စွပ်ဟာ သုံးကာရက်ရှိပြီး အမေရိကန် ဒေါ်လာ ငါးသောင်းနီးပါး တန်ပါတယ်။ ဒါပေမဲ့ ဒေသခံတစ်ဦးက အိတ်ကို ကောက်ရခဲ့ပြီး စားသောက်ဆိုင် မန်နေဂျာဆီ လာပြန်အပ်လို့ ဝမ်လည်း အိတ်ကို ပြန်ရခဲ့ပါတယ်။ နောက်နေ့မှာ မစ္စတာဝမ်ဟာ ဆိုင်ကိုပြန်လာခဲ့ပြီးတော့ တစ်ရက်ကို ချဉ်စပ်ခေါက်ဆွဲ မည်မျှရောင်းပါသလဲဆိုပြီး မေးပါတယ်။ ပြီးတော့ ဒေါ်လာ ငါးထောင်လောက်နဲ့ ညီမျှတဲ့ ယွမ်ငွေ သုံးသောင်းခွဲ ပေးပြီးတော့ ခေါက်ဆွဲခွက်ရေ ငါးထောင် လုပ်ခိုင်းပါတယ်။ လူတိုင်းကို အခမဲ့ ကျွေးပေးပါလို့ ဝမ်က ဆိုင်ရှင်ကို တောင်းဆိုခဲ့ပါတယ်။ ဆိုင်ကိုလည်း ကျေးဇူးတင်စာ ပို့ခဲ့ပြီး ချစ်သူကလည်း သူ့ရဲ့လက်ထပ်ခွင့် တောင်းဆိုမှုကို လက်ခံတယ်လို့ ဝမ်က အတည်ပြုသွားခဲ့ပါတယ်။

F-02

  • VIA