News

POST TYPE

ALSO IN NEWS

ကလေးတစ်ယောက်ကို သားပိုက်ကောင်က လက်သီးနဲ့ထိုး
16-Aug-2017

စိတ်ရှုပ်နေတဲ့ သားပိုက်ကောင် တစ်ကောင်ဟာ ကောင်လေးတစ်ယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ဆွဲထိုးခဲ့တယ်လို့ UPI သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ မိခင်တစ်ဦးဟာ သားရိုင်းတိရစ္ဆာန်ဥယျာဉ်ကို မိသားစုနဲ့အတူ သွားလည်ရင်း သူ့သားလေး အထိုးခံရတာ ဖြစ်ပါတယ်။ ကောင်လေးမျက်နှာ အထိုးခံရတဲ့ဗီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့ပြီး သတင်းမီဒီယာတွေက သတိထားမိသွားခဲ့တာပါ။ ဩဂုတ်လ တစ်ရက်နေ့ကတည်းက အွန်လိုင်းပေါ် တက်လာတဲ့ အဆိုပါ ဗီဒီယိုဖိုင်ဟာ မဲဘုန်းမြို့စွန် ဂလန်ဝါဗာလီဒေသ သားရိုင်းဥယျာဉ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကောင်လေးက ဩစတြေးလျ အီမျူးငှက်ကြီးကို အစာကျွေးဖို့ အနားတိုးလိုက်တဲ့ အချိန်မှာ ဘေးကနေ မျက်စိနောက်တဲ့ပုံနဲ့ သားပိုက်ကောင်က ကြည့်နေပါတယ်။ သားပိုက်ကောင်ဟာ ကောင်လေးရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပြီး ခုန်ဆွခုန်ဆွနဲ့ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

F-02

  • VIA