News

POST TYPE

ALSO IN NEWS

ဗြိတိန်မှာ မြေတူးစက်ကြီးနဲ့ ATM စက်ကို ဖြုတ်ခိုး
15-Aug-2017

အများသူငါ ငွေထုတ်နိုင်အောင် လမ်းမပေါ် တည်ထားတဲ့ ATM စက်တစ်ခုကို ဆောက်လုပ်ရေး လုပ်ငန်းသုံး ယန္တရားကြီးနဲ့ဖြုတ်ခိုးမှု ဗြိတိန်မှာ ဖြစ်ပွားခဲ့ပါတယ်။ မြေတူးစက်ကြီးနဲ့ ATM စက်ကြီးကို ကလော်ယူနေတဲ့ ရုပ်သံတွေကို ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါဘီရှိုင်းယားဒေသ ရဲတပ်ဖွဲ့က ရုပ်သံ CCTV ဖိုင်ကို Facebook ပေါ်ကို တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သူခိုးတွေဟာ မြေထိုးစက်ကြီးနဲ့ အုတ်နံရံကိုဖြိုခဲ့ပြီး ATM စက်ကို အဆောက်အအုံထဲကနေ ကလော်ထုတ်သွားတာ ဖြစ်ပါတယ်။ ပြီးတော့ ATM စက်ကို နောက်ဆွဲယာဉ်ပေါ်တင်ပြီး ဗင်ကားနဲ့ ဆွဲသွားခဲ့ပါတယ်။ အခင်းဖြစ်ရာနေရာကို ရောက်သွားတဲ့ ရဲအရာရှိတွေကို သူခိုးတစ်ယောက်က ကားမောင်းထွက်မပြေးခင် သံချောင်းနဲ့ ပစ်ခဲ့ပါသေးသတဲ့။ လက်ရှိအချိန်အထိတော့ ကျူးလွန်သူတွေကို မမိသေးပါဘူး။

F-02


  • VIA