News

POST TYPE

ALSO IN NEWS

ပြည်နယ် သားရိုင်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအိမ်ကို ဝက်ဝံတစ်ကောင် ချိုးဖောက် ဝင်ရောက်
21-Aug-2016 tagged as မန်ဆာချူးဆက်

အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ်က ဝက်ဝံ တစ်ကောင်ဟာ ကျေးဇူးရှင်ကို ကျေးစွပ်မိသလိုတော့ လုပ်မိပါပြီ။

သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ၃၅ နှစ်ကြာ သဘာဝတရားကို အကျိုးပြုခဲ့တဲ့ အမျိုးသားကြီးရဲ့အိမ်ကို ချိုးဖောက် ဝင်ရောက်ခဲ့သတဲ့လေ။

အသက် ၈၈ နှစ်အရွယ် ဂျော့ဒါရေးဆိုတဲ့ အမျိုးသားကြီးဟာ ၃၅ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးမှ အငြိမ်းစား ယူထားတာ ဖြစ်ပါတယ်။

တစ်ရက် သူ လမ်းလျှောက်နေတုန်း အိမ်နီးချင်း တစ်ယောက်က လှမ်းပြီး ဖုန်းဆက်ပါတယ်။

“ဆရာကြီးရေ ခင်ဗျားအိမ်ထဲကိုတော့ ဝက်ဝံငတက်ပြားကောင် ရောက်နေပြီဗျို့”ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

သူတို့ဟာ အိမ်ကို ချက်ချင်း ပြန်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခွေးလေး အီကလဲယားကို ခြံထဲမှာ တစ်ကောင်တည်း ထားခဲ့တယ်လေ။

ခွေးလေးက ဝက်ဝံကို ဟောင်တာကြောင့် အိမ်နီးချင်းတွေ သတိထားမိသွားတာပါ။ ခွေးနဲ့ ဝက်ဝံ ရန်တော့ မဖြစ်လိုက်ပါဘူး။

ရဲတွေ ရောက်လာတော့ ဝက်ဝံက ပြန်ထွက်သွားခဲ့ပါပြီ။

Ref : UPI