News

POST TYPE

ALSO IN NEWS

မန်ဆာချူးဆက်က ဘွားဘွား အသက် ၁ဝဝ မှာ အထက်တန်း အောင်လက်မှတ် ယူနိုင်ပြီ
21-Aug-2016

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝ လောက်က တက်ယူရမယ့် စင်ပေါ်ကို မန်ဆာချူးဆက်နယ်သူ ဘွားဘွား တစ်ယောက် တက်လာနိုင်ခဲ့ပါပြီ။

အသက် တစ်ရာရှိလာမှ အထက်တန်း အောင်လက်မှတ်ကို ရရှိသွားတာ ဖြစ်ပါတယ်။

ကလဲရာပစ်စီတိုဟာ မဟာစီးပွား ပျက်ကပ်ကြီး အတွင်းမှာ အထက်တန်း ကျောင်းသူ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အစ်မကြီးဆိုတော့ မိဘတွေ  အဆင်မပြေတဲ့အခါ ကျောင်းထွက်ပြီး အပြင်ထွက် အလုပ် လုပ်ခဲ့ရပါတယ်။ မောင်လေးတွေ ကျောင်းတက်ဖို့အတွက် ပေါ့လေ။

“ကျွန်မက ခုလို ကျောင်းထွက်ရတာကို မကြိုက်ပါဘူး။ အမျိုးသမီးတွေလည်း ပညာရေးကို ရယူသင့်ပါတယ်”လို့ ပစ်စီတိုက ပြောကြားခဲ့ပါတယ်။

ခန်းဆီးစက်ရုံမှာ တစ်နာရီကို ခြောက်ဒေါ်လာလောက် ဝင်ငွေနဲ့ အလုပ် လုပ်ခဲ့ရပြီးတော့ စွယ်စုံကျမ်းတွေ၊ အဘိဓာန်တွေကို သုံးပြီးတော့ ဆက်လက် လေ့လာမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။

Ref : UPI



  • VIA