News

POST TYPE

ALSO IN NEWS

စက်ရုပ်မကို စားပွဲထိုးခိုင်းတဲ့ ပါကစ္စတန်က ပီဇာဆိုင်
09-Jul-2017
စားပွဲထိုးအဖြစ် စက်ရုပ်တစ်ရုပ်ကို တာဝန်ပေးတဲ့အခါ စီးပွားရေး ပိုပြီး ကောင်းလာတယ်လို့ ပါကစ္စတန်က ပီဇာဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားပါတယ်။

၅၅ ပေါင် အလေးချိန်ရှိတဲ့ အဲဒီစက်ရုပ်မကို အင်ဂျင်နီယာ အိုစမာဂျာဖရီက ဒီဇိုင်း ဆင်ခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်းဆင်တဲ့ အင်ဂျင်နီယာဟာ စားသောက်ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်ပါတယ်။ ဖောက်သည်တွေကို နှုတ်ဆက်တတ်ပြီးတော့ စားပွဲဆီသို့လည်း ပီဇာကို အရောက်သယ် ဆောင်ပေးပါတယ်။ 

စက်ရုပ်ကို အစ္စလာမ် အမျိုးသမီးတွေ ဝတ်စားဆင်ယင်တဲ့ ပုံစံအတိုင်း ဆင်မြန်းပေးထားတာမို့ စက်ရုပ်မလို့ ခေါ်နေတာဖြစ်ပါတယ်။

မူတန်မြို့က ပီဇာဆိုင်ရဲ့ ရောင်းရတဲ့နှုန်းဟာ စက်ရုပ်မကို အလုပ်ခန့်လိုက်ပြီး နောက်မှာ မြင့်တက်လာခဲ့ပါသတဲ့။

“ကျွန်တော်က ပီဇာတွေပဲ ရောင်းတာပါ။ ခုဆိုရင် စားသောက်ဆိုင်ပိုင်ရှင်တွေက ကျွန်တော့်ဆီက စက်ရုပ်မကို ဝယ်ချင်နေကြပါတယ်”လို့ ဆိုင်ရှင် မစ္စတာ အဇစ်က ပြောကြားပါတယ်။

F-02 


  • VIA