News

POST TYPE

ADVERTORIAL

Ford ရဲ့ Driving Skills for Life အစီအစဉ်
28-Jun-2017 tagged as

အမေရိကန်နိုင်ငံကနေ စတင်လာခဲ့တဲ့ Ford Motor ရဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး အပါအဝင် ယာဉ်နဲ့ ပတ်သက်တာတွေ အားလုံးကို လူမှုအကျိုးပြု သင်တန်းတစ်ခုအဖြစ်နဲ့ သင်ကြားပေးနေတဲ့ Driving Skills for Life အစီအစဉ်ကို မြန်မာနိုင်ငံမှာ Ford မြန်မာက သင်ကြားပေးနေတာ သုံးကြိမ်မြောက်ခဲ့ပါပြီ။

သုံးကြိမ်မြောက်အဖြစ်နဲ့ ဒီနှစ် မေလ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ (၆) ကွေ့နားမှာရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်း၊ အမှတ် (၅) ဝင်းထဲမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Ford Motor Company ရဲ့ မြန်မာနိုင်ငံအတွက် Driving Skills for Life ပရိုဂရမ်ကို Ford Motor Company ရဲ့ authorized dealer ကုမ္ပဏီဖြစ်တဲ့ Capital Automotive ကုမ္ပဏီက တာဝန်ယူ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ လောင်စာဆီ ချွေတာနိုင်ရေးနဲ့ ပတ်သက်တာတွေ၊ ကားမောင်းနှင်သူတို့ သိထားသင့်တဲ့ ဗဟုသုတတွေကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ 

DSFL ကို Ford ရဲ့ Corporate Social Responsibility(CSR - လူမှုအကျိုးပြု) အစီအစဉ်တွေထဲကတစ်ခု အဖြစ်နဲ့ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ နိုင်ငံအတော်များများမှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ပေးနေရာမှာ ဒီပရိုဂရမ်ကို အမေရိကန်နိုင်ငံမှာ ပထမဆုံး စလုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဥရောပနဲ့ အာရှပစိဖိတ်နိုင်ငံတွေအထိ ချဲ့ထွင်နိုင်ခဲ့တယ်။ အာရှပစိဖိတ်နိုင်ငံတွေထဲက ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့မှာ ၂၀၀၈ ခုနှစ်ကတည်း စတင်ခဲ့ပြီး အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ မလေးနိုင်ငံတို့ပါ ပါဝင်လာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင် ခြောက်နိုင်ငံမှာ ပြုလုပ်ပေးနိုင်နေပါပြီ။ 

အာရှပစိဖိတ်နိုင်ငံတွေအတွက် ကိုးနှစ်တာ လှုပ်ရှားမှုအတွင်းမှာ လူပေါင်းငါးသောင်းကျော်ကို အသိပညာပေး၊ သင်ကြားပို့ချမှုတွေ လုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ဒီပရိုဂရမ်က လွန်ခဲ့တဲ့သုံးနှစ် ကတည်းက စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရန်ကုန်က ပထမဆုံးစတင်ခဲ့ရာမှ ၂၀၁၅ မှာတော့ ရန်ကုန်အပြင် မန္တလေးမြို့အထိပါ တိုးချဲ့သင်ကြားပေးနိုင်ခဲ့ပါတယ်။ 

S-04

  • TAGS