News

POST TYPE

ADVERTORIAL

Leading Low-Cost Airline Cabin Crew ဆု အဲအေးရှား ဒုတိယအကြိမ် ရရှိ
11-Jun-2017
ရန်ကုန်၊ ဇွန် ၁၀

အာရှ၏ ရှေ့ဆောင် တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ် အဲအေးရှားသည် ငါးနှစ်ဆက်တိုက် အသိအမှတ်ပြုခံခဲ့ရပြီး Leading Low-Cost Airline Cabin Crew ဆုကို ဒုတိယအကြိမ် ရရှိခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်အတွက် အာရှနှင့် သြစတေးလျ-အာရှဒေသဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်း ဆုပေးပွဲ အခမ်းအနား (WORLD TRAVEL AWARDS ASIA AND AUSTRALASIA ) တွင် အဲအေးရှားသည် အာရှ၏ ရှေ့ဆောင် တန်ဖိုးနည်း လေကြောင်းလိုင်းအဖြစ် ငါးနှစ်မြောက် မဲပေးသတ်မှတ်ခြင်း ခံခဲ့ရသည်။

ကမ္ဘာတစ်ဝန်းမှ ခရီးသွားလာရေး ကျွမ်းကျင်သူများ၏  မဲပေးခြင်းမှတစ်ဆင့် ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ကာ  အခြားပြိုင်ဖက်လေကြောင်းလိုင်း ကိုးခုဖြစ်သော Air India Express, Firefly, GoAir, JetKonnect, Jetstar Airways, Lucky Air, Nok Air, SpiceJet နှင့် West Air တို့ကို ကျော်ဖြတ်ပြီး Asia's Leading Low-Cost Airline Cabin Crew ဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

AirAsia လုပ်ငန်းစု၏ ပူးပေါင်းတည်ထောင်သူနှင့် Group CEO ဖြစ်သူ တိုနီဖာနန်ဒက်က “ဒီဆုဟာ အမြဲတမ်း ပိုမိုကောင်းမွန်အောင် ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုခြင်း ဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ထူးခြားတဲ့ အောင်မြင်မှုပါပဲ။ နောက်ထပ်လည်း ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်အောင် အမြဲကြိုးစားနေမှာပါ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ လေယာဉ်စီးရတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို ပိုမိုလွယ်ကူစေဖို့ check-in ပြုလုပ်တဲ့စနစ်ကို ပိုမိုတိုးတက်အောင်လုပ်ဖို့ အာရုံစိုက်ထားပါတယ်” ဟု ဆိုသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း ဆုပေးပွဲ (The World Travel Award) သည် ကမ္ဘာတစ်ဝန်းနှင့် ခရီးသွားလာရေး ကဏ္ဍမှာ ဂုဏ်သတင်းအကြီးဆုံး၊ ကဏ္ဍစုံ အပါဝင်ဆုံး ဖြစ်ကာ လူအများ နှစ်သက်ကြသော ဆုပေးအစီအစဉ် တစ်ခုလည်း ဖြစ်သည်။

ခရီးသွားလာခြင်းနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ အဓိကကဏ္ဍများတွင် အထူးချွန်ဆုံး အဖွဲ့အစည်းများ ကို အသိအမှတ်ပြုရန်၊ ဆုချီးမြှင့်ရန်နှင့် ချီးကျူးဂုဏ်ပြုနိုင်ရန် ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။