News

POST TYPE

ADVERTORIAL

OPPO A57 ကို ဝယ်ယူသင့်တဲ့အချက် ၄ချက်
09-Jun-2017
Mid-range အမျိုးအစား ဖုန်းတွေထဲကမှ ကိုယ်မျှော်မှန်းထားတဲ့ Feature နဲ့ အရည်အသွေးမျိုးပါတဲ့ ဖုန်းတစ်လုံးကို ရှာဖွေနေတယ်ဆိုရင် OPPO A57 ကို ဝယ်ယူသင့်တဲ့ အချက် ၄ ချက် အကြောင်းကို ဖော်ပြပေးလိုက်ချင်ပါတယ်။

ကင်မရာ

ဖုန်းဝယ်ပြီဆိုတာနဲ့ ရှေ့က အရင်မေးတတ်ကြတာက ကင်မရာ အရည်အသွေး ဘယ်လောက်လဲဆိုတဲ့ မေးခွန်းပါ။ ကင်မရာက Megapixel တစ်ခုတည်း ကြည့်ပြီးခွဲလို့မရတဲ့ အချက်ကိုလည်း နည်းနည်းလောက် ဖြည့်ပြောပါရစေ။ Megapixel ကြီးရင် ပုံကြီး ကြီးရနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ Sensor အရွယ်အစားသေးပြီး အလင်းဝင်ပေါက် aperture သေးရင်လည်း အလုပ်မဖြစ်ပါဘူး။ ကြီးတာနဲ့ ပုံကဖွာသွားပါမယ်။ OPPO A57 ရဲ့ရှေ့ကင်မရာက 16MP ဖြစ်သလို sensor size ကလည်း 1/3-inch အရွယ်အစားရှိလို့ တော်တော်လေး ကြီးပါတယ်။ အလင်းဝင်ပေါက် aperture က f/2.0 ဆိုတော့ အလင်းပိုရနိုင်လို့ ပိုမိုကြီးမားတဲ့ ပုံအရွယ်အစားနဲ့အတူ ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်မျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။ နောက်ကင်မရာက 13MP အမျိုးအစားဖြစ်ပြီး Sony IMX258 sensor ကို သုံးထားလို့ ပုံမှန် 13MP ရှိတဲ့ ကင်မရာတွေနဲ့ ယှဉ်ရင်တောင် ရုပ်ထွက်ပိုကောင်းစေပါလိမ့်မယ်။ သူ့ sensor က 1/3-inch ရှိပြီး အလင်းဝင်ပေါက်က f/2.2 ရှိပါတယ်။ ဒါဆိုရင် ကင်မရာ အရည်အသွေးကို အတော်လေး နှိုင်းယှဉ်ချိန်ဆနိုင်မယ် ထင်ပါတယ်။

စွမ်းဆောင်ရည်

ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည် ဆိုတာနဲ့ CPU နဲ့ RAM ကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ OPPO A57 မှာ clock speed အလုပ်လုပ်နှုန်း လုံးဝတည်ငြိမ်တဲ့ Snapdragon 435 chipset ကို သုံးထားတာ တွေ့ရပါတယ်။ ဒီ chipset က Octa-core 1.4 GHz နှုန်းနဲ့ အလုပ်လုပ်ပေးမှာပါ။ ဒါက နေ့စဉ်သုံးစွဲမှုတွေမှာ စက်ရဲ့အလုပ်လုပ်မှုကို အတည်ငြိမ်ဆုံး အနေအထားမျိုးနဲ့ ထောက်ပံ့ပေးထားမှာ ဖြစ်သလို RAM ကလည်း 3GB အထိ ပါဝင်တဲ့အတွက် app တွေဖွင့်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ recent app တွေ ပြန်လည်ရယူသုံးတဲ့အ ခါမျိုးမှာပဲဖြစ်ဖြစ် စက်လေးတာမျိုး မရှိစေဘဲနဲ့  မြန်မြန်ဆန်ဆန် အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတစ်လုံးဆိုတာ နေ့စဉ် ကိုယ်သုံးစွဲနေတဲ့ အခြေအနေတွေမှာ သွက်လက်မြန်ဆန်တဲ့နှုန်းနဲ့ အလုပ်လုပ်ပေးနိုင်တာမျိုးကို ခေါ်တာပါ။

လက်ဗွေဖတ်စနစ်

OPPO A57 ကတော့ လက်ရှိ mid-range ဖုန်းတွေထဲမှာ အရည်အသွေး ပိုကောင်းတဲ့ solid-state fingerprint ဆိုတဲ့ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားလို့ ဝ.၂ စက္ကန့်အတွင်းမှာ ဖုန်းကို unlock လုပ်ဖွင့်ပေးနိုင်သလို solid-state အမျိုးအစားဖြစ်နေတဲ့ အချက်ကြောင်း ရေစိုစွပ်တဲ့ လက်နဲ့ဖွင့်ရင်တောင် ပွင့်သလို လက်ဗွေယာကို အတည့်၊ ဘေးတိုက်၊  ပြောင်းပြန် ဘယ်လိုအနေအထားမျိုးထားပြီးဖွင့်ဖွင့် အလွယ်တကူ ပွင့်စေဦးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ အားသာချက် တစ်ခုပါပဲ။

ဘက်ထရီ

ဟုတ်ကဲ့ပါ။ စမတ်ဖုန်းတစ်လုံးလို့ ပြောလိုက်တာနဲ့ ဒီဘက်ခေတ်မှာ တွဲဖက်ပြီး စိုးရိမ်တကြီး မေးလာတဲ့အချက်က ဘက်ထရီ ဘယ်လောက် mAh ပါသလဲဆိုတဲ့ အချက်ပါ။ OPPO A57 မှာ သုံးထားတဲ့ ဘက်ထရီက Li-Ion 2900 mAh အမျိုးအစားပါ။ ဘက်ထရီအကြောင်း ပြောရင် သူ့ချည်းပြောလို့ မပြီးသေးပါဘူး။ ဖုန်းရဲ့နောက်ခံ software UI အပိုင်းကဘယ်လောက်အထိ  ထောက်ပံ့ထားသလဲ ဆိုတာကိုပါ ထည့်သွင်းပြောဖို့ လိုပါတယ်။ OPPO A57 မှာက ColorOS 3.0 ဆိုတဲ့ UI ကို သုံးထားပြီး အဲ့ဒီ UI ရဲ့ထောက်ပံ့ပေးထားမှုကြောင်း ဘက်ထရီစားမှုတွေကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဗွီဒီယိုတွေ ကြည့်မယ်ဆိုရင် ၁၁ နာရီအထိ ဆက်တိုက်ကြည့်နိုင်ပြီး၊ ဖုန်းပြောမယ် ဆိုရင်တော့ ၂၃ နာရီအထိ ဆက်တိုက်ပြောနိုင်ပါတယ်။ ပုံမှန်ပျဉ်းမျှသဘောမျိုး အဖြစ်နဲ့ သုံးမယ်ဆိုရင်တော့ ၁၃ နာရီနဲ့ မိနစ် ၃ဝ အထိ အသုံးခံစေမှာဖြစ်ပါတယ်။ ဒီအချက်က ဖုန်းတစ်လုံးကို ကိုယ့်အနေနဲ့ တစ်နေ့တာအတွင်းမှာ ဘယ်လိုသုံးတဲ့ အလေ့အထတွေရှိသလဲဆိုတဲ့ အချက်နဲ့ ချိန်ဆကြည့်နိုင်ပါတယ်။ ဓာတ်ပုံများများရိုက်ပြီး ဂိမ်းများများကစားတတ်တယ် ဆိုရင်တော့ နေ့တစ်ဝက်လောက်နဲ့တင် ဖုန်းအားပြန်သွင်းရနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

 ဒါကတော့ OPPO A57 ဖုန်းကို ဝယ်ယူချင်သူတွေ ဘာကောင်းသလဲ ဆိုတာကို အလွယ်တကူ သိရှိစေဖို့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။