News

POST TYPE

ADVERTORIAL

OPPO က လူငယ်စိတ်ကူးယဉ်ဆန် အချစ်ဇာတ်လမ်းမျိုးကို အခြေခံသည့် Short Film Series သစ် မိတ်ဆက်မည်
24-May-2017
OPPO က ၎င်းတို့၏ ဒုတိယမြောက် Web Series ဖြစ်သည့် “The Most Familiar Stranger” (Season Two) ကို မိတ်ဆက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။ ယင်းဇာတ်လမ်းသည် ခေတ်လူငယ်များအကြားရှိ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမျိုးကို အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပြီး ပြသချိန် ၁၅ မိနစ်ကြာမြင့်မည့် အပိုင်း ၂ ပိုင်း ပါဝင်မည် ဖြစ်သည်။

ဓာတ်ပုံတစ်ပုံသည် အကန့်အသတ်မဲ့ကမ္ဘာကြီးကို ထိုင်ငေးကြည့်ရှုနေသည့် ခံစားချက် အရသာမျိုးကို ပေးစွမ်းနိုင်သည်ဆိုလျှင် ဗီဒီယို ပြကွက်တစ်ခုသည် ထိုအကန့်အသတ်မဲ့ ကမ္ဘာကြီးဆီသို့ ကိုယ်တိုင်ဝင်ရောက်ကာ ပါဝင်သရုပ်ဆောင်နေရသကဲ့သို့ ခံစားစေရမည်ဆိုသည့် အဓိပ္ပာယ်မျိုး ပေးစွမ်းနိုင်စေရန်အတွက် ရည်ရွယ်ရိုက်ကူးထားခြင်း ဖြစ်သည်။ 

OPPO ၏ တာဝန်ရှိသူတစ်ဦးက "ချစ်ခြင်းတရားနှင့် မကင်းနိုင်ကြတဲ့ လူငယ်တွေအကြား အချစ်ဆိုတာ  ဘယ်လိုအရာမျိုးလဲ၊ အချစ်ဆိုတာ ဘယ်လိုမျိုး ပေါက်ဖွားလာရတာလဲ၊ ဘယ်လိုဇာတ်သိမ်းမျိုးတွေနှင့် အဆုံးသတ်ကြတာလဲ ဆိုတာတွေကို စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်အိမ်မျိုးကို အခြေခံပြီး ဖော်ကျူးထားတာပါ။ ဒီ ဇာတ်လမ်းတို Short Film Series ကို အွန်လိုင်းမှာ ပြသပေးမယ့်ပုံစံမျိုးနဲ့ မိတ်ဆက်သွားမှာပါ" ဟုဆိုသည်။

OPPO ၏ ဒုတိယမြောက် Short Film Series ကို မေလ မကုန်ခင်မှာပင် OPPO Myanmar Facebook တွင် စတင်ပြသပေးသွားမည်ဖြစ်ပြီး အဓိက သရုပ်ဆောင်များအဖြစ် ဒေါင်း၊ ခင်ဝင့်ဝါ၊ Project_K နှင့် Hazel ညီညီထွန်းတို့က ပါဝင်ထားကြကာ ထူးခြားသည့်ဇာတ်ကောင်စရိုက်နှင့် ဇာတ်လမ်းကျောရိုးကို အပြည့်အဝ ခံစားရစေမည် ဖြစ်သည်။

OPPO အနေဖြင့် ယခင်ကလည်း မြန်မာနိုင်ငံတွင် ပထမဆုံး Web Series ဇာတ်လမ်းတွဲဖြစ်သော “The Most Familiar Stranger” ကို မိတ်ဆက်ပြသပေးခဲ့ဖူးပြီး ယခုအခါတွင် အဆိုပါ အမည်ကို ပြန်လည်ရယူကာ ထူးခြားသည့်ပုံစံမျိုးဖြင့် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။