News

POST TYPE

ADVERTORIAL

ရှေ့ကင်မရာနှစ်လုံး ပါဝင်သည့် OPPO F3 စမတ်ဖုန်းသစ် မေလ ၁၃ ရက်တွင် စတင်ရောင်းချမည်
11-May-2017
OPPO ကအ သစ်မိတ်ဆက်ပေးထားသည့် OPPO F3 စမတ်ဖုန်းသစ်ကို လာမည့် မေလ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ Junction Square နှင့် မန္တလေးမြို့ရှိ Skywalk Shopping Mall တို့တွင် အခမ်းအနားများနှင့်အတူ ရောင်းချပေးသွားမည် ဖြစ်သည့်အပြင် တစ်နိုင်ငံလုံးရှိ OPPO အရောင်းဆိုင်များတွင်လည်း OPPO F3 ဖုန်းကို စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့ရှိ Junction Square တွင် နေ့လယ် ၁ နာရီမှာ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မန္တလေးမြို့ရှိ Skywalk Shopping Mall တွင်မူ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ  ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည်။ 

OPPO F3 ဖုန်းကို မေလ ၅ ရက်မှ ၁၁ ရက်အထိ Pre-order ကြိုတင်မှာယူသူများ အနေဖြင့် မြန်မာကျပ် ၉၈ဝဝဝ တန်ဖိုးရှိ Wireless Bluetooth Headphone နှင့် အရည်အသွေးမြင့် OPPO Selfie Stick တို့ကို အဆိုပါ ရောင်းချသည့် အခမ်းအနားတွင် တစ်ပါတည်း ထုတ်ယူရရှိမည် ဖြစ်ပြီး Pre-order မမှာယူဖြစ်ခဲ့သည့် ဝယ်ယူသူများ အနေဖြင့်လည်း အခြားသီးသန့် လက်ဆောင်အဖြစ် အရည်အသွေးမြင့် iLike Power Bank နှင့် Ollie Speaker တို့ကို ရယူနိုင်မည် ဖြစ်သည်။ 

OPPO F3 ဖုန်းမှာ မျက်နှာပြင် ၅.၅ လက်မ အကျယ်ရှိ Full HD In-Cell Display အမျိုးအစားကို အသုံးပြုထားပြီး မျက်နှာပြင် အကြမ်းခံစေရန် Corning Gorilla Glass 5 ဖြင့် ဖုံးအုပ်ကာကွယ်ပေးထားသည်။ 4G Simကဒ်  ၂ ကဒ်ကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်သလို 128GB အထိ ထောက်ပံ့ပေးထားသော SD ကဒ်ကိုလည်း ထပ်မံစိုက်ထည့် အသုံးပြုနိုင်မည် ဖြစ်သည်။ 

OPPO F3 တွင် အထူးခြားဆုံးအရာမှာ Dual Selfie Camera နည်းပညာဖြစ်ပြီး ပုံမှန် Selfie Camera များက ပေးစွမ်းသည့် မြင်ကွင်းအကျယ်ထက် ၂ ဆ ပိုမိုကျယ်ဝန်းသည့် Double View Group Selfie Camera စနစ်ကိုပါ ထည့်သွင်းပေးထား၍ နောက်ခံမြင်ကွင်းကျယ်နှင့် အဖွဲ့လိုက် Selfie ပုံများကို စိတ်တိုင်းကျရိုက်ယူနိုင်စေမည် ဖြစ်သည်။ OPPO F3 ၏ Dual Selfie Camera မှာ 16MP နှင့် 8MP ကင်မရာ ၂ လုံးကို ပေါင်းစပ်ပေးထားခြင်း ဖြစ်ပြီး နောက်ကင်မရာမှာ အလင်းဝင်မှု ပိုမိုအားကောင်းသည့် 13MP ကင်မရာအမျိုးအစားကို တပ်ဆင်ပေးထားသည်။ စွမ်းဆောင်မှုအပိုင်း အတွက် Octa-core အမျိုးအစား 1.5GHz CPU နှင့်အတူ RAM 4GB နှင့် ROM 64GB တို့ကို ထည့်သွင်းပေးထားသည်။ OPPO F3 ကို ဈေးနှုန်း ၄၁၉ဝဝဝ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ရွှေရောင်တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပေးထားသည်။