News

POST TYPE

ADVERTORIAL

OPPO F3 ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး Selfie Party ပုံစံ ကျင်းပမည်
02-May-2017
OPPO က ၎င်းတို့၏ ထုတ်ကုန်သစ် F3 မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၄ ရက် (ကြာသပတေးနေ့) တွင် ရန်ကုန်မြို့ရှိ Melia Yangon Hotel တွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည်။

OPPO ၏ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို မြန်မာနိုင်ငံ ပထမဦးဆုံး Selfie Party အသွင် ကျင်းပသွားမည်ဟု OPPO က သတင်းထုတ်ပြန်ထားသည်။ ယင်း Selfie Party တွင် OPPO ၏ Ambassador များ ဖြစ်ကြသည့် ရွှေထူး၊ ခင်ဝင့်ဝါ၊ နီနီခင်ဇော်၊ Project_K တို့ အပါအဝင် အွန်ဆိုင်း၊ အမ်ဆိုင်းလု၊ အောင်လေး၊ ခိုင်သင်းကြည်၊ မိုးစက်ဝိုင်၊ သန္တာလှိုင်၊ နိုင်နိုင်း၊ အိမ့်ချစ်၊ X Box၊ ယွန်းယွန်း အစရှိသည့် နာမည်ကြီး အနုပညာရှင်များစွာလည်း ပါဝင်တက်ရောက်ကြမည် ဖြစ်သည်။

OPPO က အသစ်မိတ်ဆက်ပေးမည့် F3 စမတ်ဖုန်းသစ်မှာ ယခု ၂၀၁၇ တွင်မိတ်ဆက်ခဲ့သည့် F3 Series ထုတ်ကုန်သစ် အတန်းအစားထဲမှ ဒုတိယမြောက် ထွက်ပေါ်လာသည့် စမတ်ဖုန်းသစ်တစ်လုံး ဖြစ်ပြီး ထူးခြားဆန်းသစ်သည့် ကင်မရာ နည်းပညာများနှင့်အတူ လူအများ ပိုမိုသဘောကျ နှစ်သက်လာသည့် Group Selfie မြင်ကွင်းကျယ်ပုံများ ရိုက်ယူနိုင်စေမည့် Double View Group Selife Camera စနစ်ကို တပ်ဆင်အသုံးပြုပေးထားမည် ဖြစ်သည်။

OPPO F3 ထုတ်ကုန်သစ်တွင် Selfie ခေတ်ကို ပိုမိုကောင်းမွန်သည့် အဆင့်တစ်ခုဆီ ပို့ဆောင်ပေးသွားနိုင်မည့် Dual Selife ကင်မရာစနစ်ကို F3 Plus ထုတ်ကုန်မှ လက်ဆင့်ကမ်းရယူကာ ဆက်လက်အသုံးပြုပေးထားမည် ဖြစ်ပြီး Full HD 5.5-inch မျက်နှာပြင်အရွယ်နှင့်အတူ ထူးခြားသည့် Display မျက်နှာပြင် နည်းပညာသစ်ကြောင့် ဖုန်းမှာ ပိုမိုပါးလွှာစေသည့်အပြင် နေရောင်ခြည် တိုက်ရိုက်ကျသည့် အခြေအနေမျိုးတွင်ပါ မျက်နှာပြင်ကို ကောင်းစွာ မြင်တွေ့ရစေမည် ဖြစ်သည်။

OPPO F3 ထုတ်ကုန်သစ်၏ အသေးစိတ် အချက်အလက်နှင့် ဈေးနှုန်းများကို မိတ်ဆက်ပေးမည့်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။