News

POST TYPE

ADVERTORIAL

မန္တလေးမြို့တွင် Pro 1 အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ခွဲ ထပ်ဖွင့်
30-Apr-2017
မန္တလေး၊ ဧပြီ၂၉

ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများနှင့် အိမ်တွင်းအလှဆင်ပစ္စည်းမျိုးစုံ ရရှိနိုင်မည့် Pro 1 အရောင်းစင်တာ အရောင်းဆိုင်ခွဲကို မန္တလေးမြို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့၏ ဒုတိယမြောက်ဆိုင်ခွဲ ဖြစ်သည့် အဆိုပါ အရောင်းစင်တာကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက အကွက်အမှတ် ၄၈၉၊ မြို့ဟောင်းဈေးအနီး တမ္ပဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Pro 1 စင်တာများကို ၂၀၁၃ ခုနှစ်ကစ၍ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ရာ ယခုဖွင့်လှစ်သည့် မန္တလေးမြို့ရှိ ဆိုင်ခွဲသည် ပဉ္စမမြောက်ဆိုင်ခွဲ ဖြစ်ကြောင်း ယခုစင်တာတွင် ဒေသခံဝန်ထမ်း ၃၀၀ ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအပြင် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးခဲ့ပြီး တမ္ပဝတီ မီးသတ်ဌာန အတွက်လည်း မီးငြိမ်းသတ်ယာဉ်တစ်စီး လှူဒါန်းခဲ့ကြောင်း Pro 1 စင်တာ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးထွေးက ပြောကြားသည်။

အိမ်စတင်ဆောက်လုပ်မည့် အချိန်မှ ပြီးဆုံးချိန်ထိ လိုအပ်သော ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည့်အပြင် အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်း မျိုးစုံကိုလည်း Pro 1 Home Center တွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ 

မန္တလေးမြို့တွင် Pro 1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို နာမည်ကျော် အနုပညာရှင်များဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဝယ်ယူသူများကို ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူသည့်ပစ္စည်းအပေါ် မူတည်၍ ရောင်းချပေးမည့်အပြင် ဖွင့်လှစ်သည့်နေ့မှ တစ်လအတွင်း နေ့စဉ် ကံစမ်းမဲများလည်း ဖောက်ပေးမည့် အစီအစဉ်များ ပါဝင်သည်။

M-03