News

POST TYPE

ADVERTORIAL

လူအများ ပိုမိုတောင်းဆိုလာကြသည့် Group Selfie ခေတ်ရေစီးကြောင်းအတွက် OPPO F3 Series ထုတ်ကုန်များ ရှိနေပြီ
24-Apr-2017
စမတ်ဖုန်းသုံးစွဲသူများ၏ အမူအကျင့်များသည် အချိန်ကာလ ရွေ့လျားလာခြင်းနှင့် မျက်မှောက်ခေတ်ကာလ၏ တိုက်တွန်းလှုံ့ဆော်မှုများကြောင့် ပြောင်းလဲလာကြောင်း လေ့လာချက်များအရ တွေ့ရှိထားသည်။ အထူးသဖြင့် စမတ်ဖုန်းတစ်လုံးမှာ ၎င်းတို့၏ အနီးဆုံး မိတ်ဆွေတစ်ယောက်အသွင်၊ နေ့စဉ် ဖြစ်ပျက်ပြောင်းလဲမှုများကို မှတ်တမ်းတင်ပေးနေသည့် ဒိုင်ယာရီစာအုပ်တစ်ခုအသွင်အဖြစ် နေရာယူလျက် ရှိနေသည်။ စမတ်ဖုန်း သုံးစွဲသူများ၏ တစ်နေ့တာ ဖုန်းအသုံးပြုသည့် အချိန်ကာလမှာလည်း တစ်နေ့တာလုံး၏ ၂ဝ ရာခိုင်နှုန်း (၄.၈ နာရီ) အထိ အသုံးပြုမှုများ ရှိလာသလို စမတ်ဖုန်း အလွန်အကျွံ အသုံးပြုသူများဆိုလျှင် တစ်နေ့တာလုံး၏ ၃ဝ ရာခိုင်နှုန်း (၇.၂ နာရီ) အထိပင် အသုံးပြုနေကြောင်း ဆက်လက်တွေ့ရှိထားရသည်။ 

ယခုကဲ့သို့ စမတ်ဖုန်းတစ်လုံးကို တစ်နေ့တာအတွင်း အသုံးပြုမှု အချိန်ပမာဏ မြင့်မားလာခြင်းနှင့်အတူ စမတ်ဖုန်းတစ်လုံးက ပေးစွမ်းထားသည့် လုပ်ဆောင်ချက်များထဲမှ အများဆုံး အသုံးပြုသည့် အရာများထဲတွင်လည်း ကင်မရာစနစ်မှာ ထိပ်ဆုံးစာရင်းထဲတွင် ပါဝင်လာခဲ့သည်။ OPPO အနေဖြင့် စမတ်ဖုန်း သုံးစွဲသူများ၏ အမူအကျင့်ပုံစံများကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်လျက် ရှိရာ အရေးပါသည့် အချက်၂ ချက်ကို တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ စမတ်ဖုန်း သုံးစွဲသူများထဲမှ ၇ဝ ရာခိုင်နှုန်းက ၎င်းတို့၏ တစ်နေ့တာ အချိန်များကို မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဓိက ကုန်လွန်စေကြောင်း တွေ့ရှိခဲ့ရပြီး ကျန် ၃ဝ ရာခိုင်နှုန်းမှာ ၎င်းတို့၏ တစ်နေ့တာ အချိန်များကို သီးသန့်အဖြစ် ကုန်လွန်စေကြောင်း တွေ့ရှိခဲ့ရသည်။ 

ထိုကဲ့သို့ အပေါင်းအသင်း အစုအဖွဲ့များနှင့် တစ်နေ့တာအချိန်ကို အဓိက ကုန်လွန်စေသည့် လူအများစု၏ အလေ့အထများကို ဆက်လက်လေ့လာခဲ့ရာတွင် ၎င်းတို့အနေဖြင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပြင်ပအခြေအနေမှာပဲဖြစ်ဖြစ် အပြန်အလှန် တွေ့ဆုံခြင်းများ၊ ညစာအတူတူစားသုံးခြင်းများ၊ အစည်းအဝေး အတူတူတက်ခြင်းများ၊ ပါတီပွဲ အတူတူတက်ခြင်းများ၊ ခရီးအတူတူထွက်ခြင်းများ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ 

ထို့အပြင် အဆိုပါ အတူယှဉ်တွဲ ရှိနေသော အချိန်များတွင် ၎င်းတို့၏ အမှတ်တရ အချိန်အခိုက်အတန့်များကို အဖွဲ့လိုက် Selfie ပုံများ ရိုက်ခြင်း၊ ပြန်လည်ဝေမျှ ခြင်းများ ပြုလုပ်ကာ မှတ်တမ်းတင်ကြောင်း ဆက်လက်တွေ့ရှိခဲ့ရသည်။ လက်ရှိစမတ်ဖုန်း သုံးစွဲခြင်း ယဉ်ကျေးမှုကို ဆက်လက်လေ့လာကြည့်ပါက Selfie ပုံများ ရိုက်ကူးခြင်းအပြင် လူအများ ပိုမိုပါဝင်သည့် Group Selfie ပုံများ ရိုက်ကူးခြင်းမှာလည်း ခေတ်ရေစီးကြောင်းတစ်ခုအသွင် အဖြစ် ကူးပြောင်းလာခဲ့သည်။ 

Group Selfie ပုံများသည် လူအများ ပိုမိုရင်းနှီး အမှတ်တရရှိသည့် အသွင်မျိုးကို ဖော်ဆောင်လျက်ရှိပြီး OPPO အနေဖြင့် ယခုကဲ့သို့ စမတ်ဖုန်း အသုံးပြုသူများ အဓိက တောင်းဆိုလျက် ရှိသည့် Group Selfie ခေတ်ရေစီးကြောင်းအတွက် မြင်ကွင်းကျယ်ပုံရိပ်များ ရိုက်ယူနိုင်စေမည့် F3 Series ထုတ်ကုန်သစ်များကို ၂ဝ၁၇တွင် စတင်မိတ်ဆက်ပေးထားပြီ ဖြစ်သည်။