News

POST TYPE

ADVERTORIAL

ဆီးဂိမ်းနှင့် အာဆီယံ မသန်စွမ်းပြိုင်ပွဲအတွက် အဲအေးရှား ပျံသန်းမည်
24-Apr-2017
ရန်ကုန်၊ ဧပြီ ၁၉

အာရှတိုက်၏ အကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်သော အဲအေးရှားသည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းနှင့် ၉ ကြိမ်မြောက် အာဆီယံမ သန်စွမ်းပြိုင်ပွဲတို့အတွက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

ယင်းပြိုင်ပွဲများအတွက် တရားဝင် လေကြောင်းလိုင်းအဖြစ် ပြေးဆွဲရန် လက်မှတ်ရေးထိုးခဲ့ပြီး Gold Sponsor အနေဖြင့် ပြိုင်ပွဲစီစဉ်ရာတွင် အဆင်ပြေစေရန် Malaysia Organising Committee (MASOC) မှ တာဝန်ရှိသူများနှင့် အာဆီယံကွန်ရက် အတွင်းရှိ နိုင်ငံများအတွက် လေယာဉ်လက်မှတ်များကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

အဲအေးရှား၏ အမူဆောင်အရာရှိချုပ် တိုနီဖာနန်ဒက်က "အဲအေးရှားက SEA Games and Asean Para Games အတွက် ပြေးဆွဲပေးရတာ ဂုဏ်ယူပါတယ်။ အာဆီယံအဲလိုင်းတစ်ခု အနေနဲ့ ဒေသရဲ့ ထိပ်တန်းအားကစားသမားတွေနဲ့ မသန်စွမ်း အားကစားသမားတွေ စုဝေးတဲ့ အကြီးဆုံးပွဲကြီးမှာ စိတ်အားထက်သန်စွာနဲ့ ကူညီခွင့်ရတာကိုပေါ့” ဟု ဆိုသည်။

သြဂုတ်လ ၁၉ ရက်မှ ၃၁ရက်အထိ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို အာဆီယံ ဆယ်နိုင်ငံမှ အားကစားသမားများက ကစားနည်းပေါင်း ၃၈ မျိုး ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် The Asean Para Gamesကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဉာဏ်ရည်မမီသူများ၊ မသန်စွမ်းသူများက အားကစားနည်းပေါင်း ၁၆ နည်းကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

အဲအေးရှားသည် ခရီးသည်များအတွက် အကောင်းဆုံး ဝန်ဆောင်မှုနှင့် ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၁၂၀ ကျော်သို့ ပြေးဆွဲနေသော အာရှ၏ အကြီးဆုံး တန်ဖိုးနည်း လေကြောင်းလိုင်းလည်း ဖြစ်သည်။

အဲအေးရှားသည် ၂၀၀၁ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ချိန်မှစ၍ ခရီးသည်ပေါင်း သန်း ၃၃၀ ကိုသယ်ဆောင် ပျံသန်းပေးခဲ့ပြီး လေယာဉ်စီးရေပေါင်း ၂၀၀ ကျော် ရှိလာသည်အထိ ဖွံ့ဖြိုးကြီးထွားလာခဲ့သည်။