News

POST TYPE

ADVERTORIAL

ဧပြီ ၁ ရက်မှာ ပြည်တွင်းဈေးကွက်တွင်း စတင်ရောင်းချပြီ ဖြစ်တဲ့ OPPO F3 Plus
03-Apr-2017
ပြည်တွင်းဈေးကွက်မှာ အောင်မြင်မှု ရရှိပြီး ဖြစ်တဲ့ OPPO တို့က သူတို့ရဲ့ စမတ်ဖုန်းသစ် တစ်လုံးကို ပြည်တွင်းဈေးကွက်တွင်း စတင်ရောင်းချပြီ ဖြစ်ပါတယ်။ 

မျက်နှာပြင် အရွယ်အစားကြီးမားပြီး ကင်မရာ စွမ်းဆောင်ချက်ကောင်းတွေ ပါဝင်လာမယ့် ဒီစမတ်ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရအောင်။

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး

မျက်နှာပြင်အရွယ်အစား ၆ လက်မ ရှိပါတယ်။ အရွယ်အစား ကြီးကြီးမားမား ကိုင်ဆောင်ချင်တဲ့သူတွေ အတွက်တော့ သင့်တော်ပါတယ်။ မျက်နှာပြင် အရည်အသွေးက 1080 x 1920 pixels ရှိပါတယ်။ ပုံရိပ်သိပ်သည်းဆက 367 ppi ရှိတဲ့အတွက် နေရောင်အောင်မှာ မမြင်ရတော့တဲ့ ပြဿနာမျိုးကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

IPS LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်ကို အထိအခိုက်ခံနိုင်ဖို့အတွက် 2.5 D Corning Gorilla Glass 5 နဲ့ပါ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။

ကင်မရာ အရည်အသွေး

OPPO F3 Plus မှာ ကင်မရာ အရည်အသွေး 16MP ပါဝင်ပါတယ်။ အရှေ့ကင်မရာကတော့ နှစ်လုံးတပ်ဆင်ထားပါတယ်။ 16MP နဲ့ 8MP ပါဝင်ပါတယ်။ အကောင်းဆုံး Selfie ပုံရိပ်တွေကို ရိုက်ကူးရယူနိုင်မှာပါ။ ကင်မရာ စွမ်းဆောင်ချက်တွေ အနေနဲ့ geo-tagging, touch focus, face detection, panorama, HDR စတဲ့ စွမ်းဆောင်ချက်တွေ ပါဝင်ပါတယ်။ autofocus, LED flash စတာတွေလည်း ပါဝင်ပါတယ်။

ဘက်ထရီ အရည်အသွေး

ဘက်ထရီအနေနဲ့ Li-ion 4000 mAhဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ တစ်နေ့တာ အသုံးပြုမှုအတွက် လုံလောက်ပါတယ်။ ဘက်ထရီကိုတော့ ဖြုတ်လို့မရပါဘူး။ 3G ကွန်ရက်ပေါ်မှာ ဖုန်းပြောဆိုမှုအတွက် ၂၁ နာရီကျော်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

အခြားစွမ်းဆောင်ရည်များ

Android ဗားရှင်း 6.0 (Marshmallow) ကိုအသုံးပြုထားပါတယ်။ CPU က Octa-core (4x1.95 GHz Cortex-A72 & 4x1.44 GHz Cortex-A53) ကို အသုံးပြုထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှု ပမာဏက 64GB ဖြစ်ပါတယ်။ RAM က 4 GB ပါဝင်ပါတယ်။ ဖုန်းအတွင်းသို့ မှီးနိုင်မှုကို 256 GB အထိ မြှင့်တင်အသုံးပြုနိုင်ပါတယ်။ Accelerometer, gyro, proximity,compass စတဲ့ အာရုံခံစနစ်တွေ ပါဝင်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ် ထည့်သွင်းပေးထားပါတယ်။

GSM ဆင်းမ်ကတ် နှစ်ကတ် အသုံးပြုနိုင်ပါတယ်။

ဈေးနှုန်းအနေနဲ့ ၅၉၉၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဧပြီလ တစ်ရက်မှာ စတင်ရောင်းချတာဖြစ်ပြီး သင့်တော်တဲ့ ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့ အရည်အသွေးကို ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။