News

POST TYPE

ADVERTORIAL

OPPO F3 Plus ကို မြန်မာအပါအဝင် နိုင်ငံ ငါးနိုင်ငံတွင် မတ်လ ၂၃ ရက်၌ တပြိုင်နက် မိတ်ဆက်မည်
18-Mar-2017
ပြည်တွင်း၌ ကင်မရာ စွမ်းဆောင်ရည် ဆန်းသစ်တီထွင်မှုများဖြင့် ဈေးကွက်အောင်မြင်မှု ရရှိထားပြီး ဖြစ်သည့် OPPO က ၎င်းတို့၏ စမတ်ဖုန်း မျိုးဆက်သစ် OPPO F3 Plus ကို မြန်မာအပါအဝင် အာရှငါးနိုင်ငံတွင် တစ်ပြိုင်နက် မိတ်ဆက်သွားမည် ဖြစ်သည်။ OPPO ၏ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲကို မတ်လ ၂၃ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

OPPO ၏ စမတ်ဖုန်းသစ် F3 Plus သည် F3 စီးရီးထုတ်ကုန်များ အနက်မှ Dual Selfie Camera နည်းပညာ ပါဝင်သည့် ပထိဆုံး စမတ်ဖုန်း ဖြစ်လာမည်ဖြစ်ပြီး ရှေ့ကင်မရာ အရည်အသွေး 16 MP နှင့် 8MP အရည်အသွေးရှိ ကင်မရာနှစ်လုံး တပ်ဆင်ပေးထားမည် ဖြစ်သည်။

OPPO အနေဖြင့် F3 Plus စမတ်ဖုန်းကို မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့တွင် တစ်ပြိုင်တည်း မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

OPPO ၏ဒု-ဥက္ကဋ္ဌနှင့် နိုင်ငံတကာ မိုဘိုင်းလုပ်ငန်း၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Sky Li က “OPPO မှာဆိုရင် ထုတ်ကုန်တီ ထွင်ဆန်းသစ်မှုတွေဟာ ကျွန်တော်တို့ လုပ်ဆောင်တဲ့ အရာရာတိုင်းကို တွန်းအားပေး မောင်းနှင်နေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အဓိက ကုန်အမှတ်တံဆိပ် တန်ဖိုးပဲ ဖြစ်ပါတယ်။ F3 Series ထုတ်ကုန်တွေဟာ Selfie နည်းပညာကို နောက်ထပ်အဆင့် တစ်ခုဆီ ခေါ်ဆောင်ပေးသွားမှာ ဖြစ်သလို မိုဘိုင်းလောကအတွက် ခေတ်ရေစီးကြောင်း အသစ်တွေကို ချမှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ထားတာက F3 Series ဟာ ကြီးမားတဲ့ အောင်မြင်မှုတွေ ပေးစွမ်းမှာ ဖြစ်သလို တခြားသောသူတွေ လိုက်ပါလုပ်ဆောင်ကြမယ့် စံတစ်ရပ်ကိုပါ ချမှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

OPPO အနေဖြင့် IDC (International Data Corporation) က နောက်ဆုံးထုတ်ပြန်ထားသည့် အစီရင်ခံစာများအရ ဈေးကွက်ဝေစု ၁၃ဒဿမ၂ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှ ဈေးကွက်တွင် အဆင့် ၂ နေရာနှင့် ၂၀၁၆ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင် အဆင့် ၄ နေရာတို့၌ ရပ်တည်လျက်ရှိသည်။ ထို့အပြင် အိန္ဒိယဈေးကွက်တွင်လည်း ဈေးကွက်သုတေသန ကုမ္ပဏီ Gfk က ထုတ်ပြန်ထားသည့် အချက်အလက်များအရ OPPO အနေဖြင့် ၂၀၁၅ ဒီဇင်ဘာလအတွင်းက offline ဈေးကွက်ဝေစု ၁ ဒဿမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၀ ဒဿမ ၉ ရာခိုင်နှုန်းအထိ ပိုမိုတိုးမြင့်လာခဲ့သည်။ OPPO ၏ ယခင်ထုတ်ကုန်များ ဖြစ်သည့် F1, F1 Plus နှင့် F1s စမတ်ဖုန်းများ၏ ရောင်းအားကောင်းမွန်ခဲ့ခြင်းကြောင့် လက်ရှိဈေးကွက်အတွင်း ကောင်းမွန်သည့် ရလဒ်များ ရရှိနေခြင်း ဖြစ်သည်ဟုလည်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားသည်။