News

POST TYPE

ADVERTORIAL

OPPO က Dual Selfie Camera နည်းပညာသုံး F3 Plus ထုတ်လုပ်မည်
15-Mar-2017
2017 ခုနှစ်အတွက် ပထမဆုံး F စီးရီး စမတ်ဖုန်းဖြစ်သည့် OPPO F3 Plus ကို စတင်မိတ်ဆက်တော့မည်ဖြစ်သည်ဟု OPPO က ထုတ်ပြန်ထားသည်။ ကင်မရာ စွမ်းဆောင်ချက်များကို ဖန်တီးဆန်းသစ်မှုများဖြင့် ထုတ်လုပ်လေ့ရှိသည့် OPPO က F3 Plus တွင်လည်း ၎င်းတို့၏ အားသာချက်ဖြစ်သည့် ကင်မရာ နည်းပညာသစ်များကို ထည့်သွင်းပေးထားမည်ဖြစ်ပြီး Dual Selfie Camera နည်းပညာကိုလည်း F3 Plus တွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

အသစ်မိတ်ဆက်ပေးမည့် F3 Plus ၏ LED Board ပုံရိပ်များကို Myanmar Plaza အဆောက်အဦး မျက်နှာစာတွင် ဖော်ပြပေးထားသည်။ 

 OPPO ၏ ကနဦးပြောဆိုချက်များ အရ F3 Plus တွင် အသုံးပြုလာမည့် Dual Selfie Camera နည်းပညာတွင် ပိုမိုထူးခြား ဆန်းသစ်သည့် feature များကိုပါထည့်သွင်းပေးထားမည်ဖြစ်သည်။ OPPO အနေဖြင့်  ၂၀၁၆ ခုနှစ်အတွင်း Selfie ဘုရင်ဟုတင်စား ခေါ်ဝေါ်ခဲ့သော F1 ကိုစတင်မိတ်ဆက်ခဲ့ပြီး F စီရီးစမတ်ဖုန်းများကို စတင်ထုတ်လုပ်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့ပထမဆုံး 16MP Selfie Camera ပါဝင်သော ဒုတိယမြောက် F Series ထုတ်ကုန်ဖြစ်သည့် F1 Plus ကိုထုတ်လုပ်ပေးပြီး ၃လအတွင်း အလုံးရေ ၇သန်းအထိရောင်းချခဲ့ရကာ ပျမ်းမျှ ၁ ဒဿမ၁ စက္ကန့်တွင် ဖုန်းတစ်လုံးရောင်း ချခဲ့ရသည့်စံချိန်ကိုပါ ရယူနိုင်ခဲ့သည်။ Selfie ဘုရင် F1 စမတ်ဖုန်း၏ဒုတိယ မျိုးဆက်ဖြစ်သော F1s စမတ်ဖုန်းကိုလည်း Fingerprint နည်းပညာအပါအဝင် Selfie ပုံများရိုက်ကူးခြင်းအတွက် ထူးခြားသည့် စွမ်းဆောင်ချက်များကိုပါ ထည့်သွင်းထုတ်လုပ်ခဲ့သည်။ 

OPPO အနေဖြင့် ကင်မရာနည်းပညာဆန်းသစ်မှုများအပြင် ဈေးကွက်ဖော်ဆောင်မှုများကို ဆက်တိုက်ပြုလုပ်ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် အဆင့်-၄နေရာသို့ အချိန်တိုအတွင်း တက်လှမ်းရပ်တည်နိုင်ခဲ့သည်။ Selfie သမိုင်းတစ်ခေတ်ကို ၂၀၁၁ မှစတင်ကာစိုက်ထူလာခဲ့ပြီး ကင်မရာပိုင်းဆိုင်ရာတီထွင်ဆန်း သစ်မှုများကို ယနေ့ချိန်အထိဖန်တီးပေးလျက်ရှိသည်။ ပြီးခဲ့သည့် MWC 2017 နည်းပညာပြပွဲတွင်လည်း OPPO အနေဖြင့် စမတ်ဖုန်းကင်မရာနည်းပညာသစ်တစ်ရပ်ဖြစ်သော 5x Dual Camera Zoom ကိုမိတ်ဆက်ပေးခဲ့သည်။