News

POST TYPE

ADVERTORIAL

အရှေ့တောင်အာရှ ဒေသတွင်း နှစ်အလိုက် တိုးတက်မှုနှုန်း အမြင့်ဆုံး ရပ်တည်နိုင်ခဲ့တဲ့ OPPO
09-Mar-2017
ဈေးကွက်အတွင်းမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ OPPO ဟာအရှေ့တောင်အာရှ ဈေးကွက်အတွင်းမှာ နှစ်အလိုက် တိုးတက်မှုနှုန်း အမြင့်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

၂၀၁၆ မှာ နိုင်ငံတကာသုတေသန စစ်တမ်းတွေ ကောက်ယူပေးနေတဲ့ IDC (International Data Coporation) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွင်းမှာ အရှေ့တောင်အာရှဒေသတွင်း စုစုပေါင်း စမတ်ဖုန်း တင်ပို့ရောင်းချမှု အရေအတွက်က ၁၀၁ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်းမှာ OPPO က စမတ်ဖုန်းအလုံးရေ ၁၃ ဒသမ ၃ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးကွက်ဝေစု အနေနဲ့ ၁၃ ဒသမ ၂ ရာခိုင်နှုန်းကို OPPO က ရယူနိုင်ခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ် မှာ OPPO အနေနဲ့ စမတ်ဖုန်း အလုံးရေ ၅ ဒသမ ၆ သန်းကျော် ရောင်းချခဲ့ပြီး ၂၀၁၆ ခုနှစ်အ ချက်အလက်များနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်အလိုက် တိုးတက်မှုနှုန်း ၁၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါတယ်။ ဒီတိုးတက်မှု ပမာဏဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ရှိတဲ့ မိုဘိုင်းဖုန်း ကုမ္ပဏီတွေထဲမှာ နှစ်အလိုက် တိုးတက်မှုနှုန်း အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် IDC ရဲ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်မှာလည်း အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

OPPO က ကင်မရာပိုင်း စွမ်းဆောင်ရည်ကို အဓိကထားပြီး ဈေးကွက်မှာ ကင်မရာ စွမ်းဆောင်ချက်ကောင်းတဲ့ စမတ်ဖုန်းတွေနဲ့ ထိုးဖောက်ခဲ့ပါတယ်။ စစ်တမ်းတွေအရ ၂၀၁၆ ခုနှစ်မှ ာရိုက်ကူးခဲ့တဲ့ ဒီဂျစ်တယ် ဓါတ်ပုံပေါင်း ဘီလီယံ ၁၂၀၀ နဲ့အထက် ရှိခဲ့ပြီး ဒီအထဲက စမတ်ဖုန်းနဲ့ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံပေါင်းဟာ ၉၇၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။

OPPO အနေနဲ့ စမတ်ဖုန်းလောကမှာ ပထမဆုံးအဖြစ် 5X Dual Camera Zoom ကင်မရာ နည်းပညာကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။