News

POST TYPE

ADVERTORIAL

MBA Programme ကို ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက်နိုင်မည့် အခွင့်အရေး
25-Feb-2017
၂၀၁၇ TIC –Help University MBA Intake အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ နှင့် အယောက် ၅၀ ပေးအပ်မည်။ 

နိုင်ငံတကာ အသိအမှတ်ပြု TIC –Help University ၏ မတ်လတွင် စတင်မည့် MBA Programme ကို ရန်ကုန်မြို့တွင် ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက်နိုင်ရန် ထူးချွန်ထက်မြက်သည့် ပညာရှင်များ၊ မန်နေဂျာများ၊ စီမံခန့်ခွဲရေးမှူးများ စက်မှုလက်မှု ပညာရှင်များ စသည့် အယောက် ၅၀ ကို TIC မှ ရွေးချယ်ကာ တစ်ဦးချင်းစီအတွက် ထောက်ပံ့ကြေး US Dollar 2500 တိတိ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ 

ပညာသင် ထောက်ပံ့ကြေး လျှောက်ထားသူများ အနေဖြင့် မိမိလုပ်ကိုင်နေသည့် အလုပ်အကိုင်၊ အသင်းအဖွဲ့များတွင် ထက်သန်သောစိတ်ဖြင့် ကြိုးစားလုပ်ကိုင်ရန် လိုအပ်ပြီး နိုင်ငံ့လူ့စွမ်းအား ဖွံ့ဖြိုးရေးအတွက် မျိုးဆက်သစ် လူငယ်များအား ဦးဆောင်နိုင်မှုနှင့် ၎င်းတို့ အနာဂတ် အမြင်များကို အကောင်အထည်ဖော် ဆောင်ပေးနိုင်မှုတို့ကို ပြသနိုင်ရန် လိုအပ်ပါသည်။ 

TIC တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် MBA Programme သည် မလေးရှားနိုင်ငံ အစိုးရ အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက တက္ကသိုလ်များတွင် နံပါတ် (၁) နေရာ ရရှိထားပြီး ထိပ်တန်းတက္ကသိုလ် ဖြစ်သည့် Help University ၏ သင်ရိုးအတိုင်း သင်ကြားပို့ချပေးနေသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ 

သင်တန်သားများ အနေဖြင့် ဆန်းသစ်သည့် အတွေး အခေါ်များကို အသုံးချပြီး မိမိ၏ ကိုယ်ပိုင်အရည်အချင်းနှင့် ခေါင်းဆောင်မှုပိုင်း သာမက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် အထောက်အကူပြုမည့် သင်တန်းဖြစ်ပါသည်။ ဤစီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) သည် သြစတြေးလျနိုင်ငံရှိ University of Queensland, ဂျာမနီနိုင်ငံရှိ HHL-Leipzig  Graduate  School of Management နှင့် ပြင်သစ်နိုင်ငံ ESSCA Graduate  School of Management အပါအဝင် ဥရောပနိုင်ငံနှင့် သြစတြေးလျ နိုင်ငံများရှိ အခြားသော နာမည်ကြီး တက္ကသိုလ်များ Business School များမှ အသိအမှတ်ပြုခြင်းကိုလည်း ရရှိထားသည်။ 

ယခုသင်တန်း၏ အားသာချက်မှာ မလေးရှားနိုင်ငံသို့ သွားရောက်ပြီး Help University မှ နိုင်ငံတကာ ကျောင်းသားများနှင့် အတွေ့အကြုံများ ဖလှယ်ခွင့် ရရှိနိုင်မည်ဖြစ်ကာ ၎င်းနိုင်ငံ၏ ကုမ္ပဏီများနှင့် ဘဏ်လုပ်ငန်းများသို့ သွားရောက်လေ့လာနိုင်မည့် အခွင့်အရေးများလည်း ရရှိနိုင်မည် ဖြစ်သည်။ သင်တန်းချိန်မှာ ဝန်ထမ်းများအတွက် အဆင်ပြေမည့် Weekend class များ ဖြစ်သည့်အပြင် သင်တန်းကြေးကိုလည်း အရစ်ကျ ပေးသွင်းနိုင်မည် ဖြစ်ပါသည်။ 

အသေးစိတ် အချက်အလက်များ သိရှိရန် TIC မှ မတ်လ (၂) ရက်နေ့တွင် PARKROYAL Hotel ၌ ကျင်းပမည့် “Corporate Leadership & MBA Seminar” သို့ တက်ရောက်ဆွေးနွေးနိုင်ပါသည်။ တက်ရောက်မည့်သူများ အနေဖြင့် ဖုန်း - (01) 553897၊ (09) 260001828 သို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရပါသည်။ TIC ၏ Website (www.temasekcollege.com) တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။