News

POST TYPE

ADVERTORIAL

အဆင့်မြှင့် လုပ်ဆောင်ချက်တွေနဲ့ Oppo F1s 2017 ဈေးကွက်ဝင်
22-Feb-2017
ကမ္ဘာ့အဆင့်မီ စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်တဲ့ Oppo က နေပြီးတော့  အဆင့်မြှင့်တင်ပြီး အသစ်ထပ်ထုတ်လိုက်တဲ့ Selfie ဘုရင် Oppo F1s 2017 Version ဖုန်းပြည်တွင်း ဈေးကွက်ကို စတင် ဝင်ရောက်လာပါပြီ။ အဲဒီ့ဖုန်းအသစ်မှာ ဆိုရင် RAM  4GB နဲ့ ROM 64 GB အထိ တိုးမြှင့်ပေးထားပါတယ်။ 

ဒီလို တိုးမြှင့်လုပ်ဆောင်ပေးထားတဲ့ အတွက် အရင် FS1 ထက် ပိုမိုမြန်ဆန်တဲ့ ထိတွေ့မှုတွေကို ခံစားရရှိစေနိုင်ပါတယ်။ ဒါတွေအပြင် 1.5 GHZ Octa – core Processor မှာ RAM 4 GB ကို တွဲဖက်လုပ်ဆောင်ပေးထားတာကြောင့် ဂိမ်းအကြီးတွေကိုလည်း ပိုမိုညက်ညော ပြေပြစ်အောင် လုပ်ဆောင်ပေးနိုင်စေမှာ ဖြစ်ပါတယ်။

Internal Storage မှာ 64 GB ပါဝင်လာတဲ့အတွက် Selfie ဓာတ်ပုံတွေကို ပုံတစ်သောင်းကျော်အထိ သိမ်းထားလို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေအပြင် သုံးကတ် တစ်ပြိုင်တည်း စိုက်နိုင်တဲ့ Triple- Slot tray စနစ်ကြောင့် 4G ကွန်ယက်သုံး Nano SMS ကတ်နှစ်ကတ်ကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်သလို သီးသန့် SD ကတ်ကိုလည်း 128 GB အထိ ထပ်စိုက်ပြီးတော့ အသုံးပြုလို့ ရနိုင်ပါသေးတယ် ။

ကင်မရာ 16 MP က အရည်အသွေး လှပမှုဆိုင်ရာတွေကို ပြုပြင်ပေးမယ့် Feature တို့ ပေါင်းစပ်ပါဝင်တဲ့အပြင် Beautify 4.0 စနစ်ကို ရာနဲ့ချီတဲ့ သုံးစွဲသူတွေရဲ့ လေ့လာချက်ပေါ်မှာ ဆန်းစစ်မှုတွေ ပြုလုပ်ပြီးမှ မြှင့်တင်ပေးထားပါတယ်။

အဲ့ဒီ Beautify Mode အဆင့်ခုနစ်ဆင့်မှာ အသားအရောင်ကို လိုသလို ပြုပြင်နိုင်မှာ ဖြစ်တဲ့အတွက် အသားအရေကို တောက်ပကြည်လင်စေပြီး မျက်လုံးလွင်လွင်လေး ဖြစ်စေမှာကြောင့် Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် အတော်လေး အသုံးဝင်နိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်ဆောင်ချက်တွေအပြင် လက်ဗွေဖက်စနစ် ပါဝင်တာကြောင့် 0.22 စက္ကန့်မှာပဲ ဖုန်းကို Unlock ဖွင့်ပေးနိုင်ပြီး လက်ဗွေယာ ၅ခု အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းအတွင်းမှာ app တွေကို ဖွင့်ပေးခြင်း ခေါ်ဆိုပေးခြင်းတွေကို ဖုန်းအတွင်းပိုင်း ဝင်ရောက်စရာ မလိုဘဲ  လုပ်ဆောင်ပေးသွားမှာ ဖြစ်လို့ ယခင်ကထက် ပိုပြီး မြန်ဆန်လာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီလို အဆင့်မြင့် လုပ်ဆောင်ချက်တွေနဲ့ OPPO စမတ်ဖုန်းကို Gold နဲ့ Rose Gold ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ ၃၆၉၀၀၀ ကျပ်နဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ပြီး OPPO အရောင်းဆိုင်တွေမှာ ဝယ်ယူလို့ ရနိုင်ပါတယ်။