News

POST TYPE

ADVERTORIAL

AIR ASIA X မလေးရှားမှ အမေရိကား ခရီးစဉ်အဖြစ် ဟာဝါရီကို စတင်ပျံသန်းမည်
14-Feb-2017
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ 

စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခု ဖြစ်သော AIR ASIA X သည် တန်ဖိုးနည်း ခရီးရှည်ဖြစ်သော မလေးရှားနိုင်ငံမှ အမေရိကန် ခရီးစဉ်ကို လာမည့် ဇွန်လမှ စတင်ပျံသန်းမည် ဖြစ်သည်။

ပထမဆုံး ဝန်ဆောင်မှုဖြစ်သော တန်းဖိုးနည်း ခရီးရှည် အစီအစဉ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တစ်ဆင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ ထိုမှ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီကျွန်းစုများ ရှိရာ ဟိုနိုလူလူသို့ တိုက်ရိုက်ပျံသန်းခြင်း ဖြစ်သည်။

“ဒါဟာ ကမ္ဘာ့အဆင့်မှီ စားရိတ်သက်သာ လေကြောင်းလိုင်း AirAsia X မှ အာဆီယံနိုင်ငံများနှင့် အာရှမြောက်ပိုင်းကို အမေရိကားနှင့် ချိတ်ဆက်ပေးလိုက်ခြင်းကြောင့် ပစိဖိတ်ဒေသကို ခရီးထွက်ဖို့ အိပ်မက်မက်နေတဲ့ သူတွေဟာ ဒီခရီးစဉ်မှာ လိုက်ပါနိုင်တော့မှာ ဖြစ်ပါတယ်” ဟု AirAsia X လုပ်ငန်းစုရဲ့ CEO ဖြစ်သူDatukKamarudinMeranun က ပြောကြားခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်ကို တစ်ပတ်လျှင် လေးကြိမ် ပျံသန်းမည်ဖြစ်ပြီး ၂၀၁၇ ဇွန်လ ၂၈ရက်မှ ၂၀၁၈ ဖေဖော်ဝါရီ ၆ ရက်အတွင်း ဟိုနိုလူလူသို့ သွားရောက်လည်ပတ်လိုတဲ့ ခရီးသည်တွေအတွက် ၂၀၁၇ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၂၆ ရက်အထိ USD252 ကစ၍ လက်မှတ်တွေကို ရောင်းချပေးနေပြီ ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

ယင်းခရီးစဉ်အတွက် အထူးမိတ်ဆက် ဈေးနှုန်းများကို airasia.com တွင် ရှာဖွေဝယ်ယူနိုင်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်သည့်အပြင် Facebook (facebook.com/AirAsia) နှင့် Twitter (twitter.com/AirAsia) မှ တစ်ဆင့် AirAsia ၏ နောက်ဆုံးပရိုမိုးရှင်း အစီအစဉ်များကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်သည်။

*အဆိုပါ အထူးမိတ်ဆက် ဈေးနှုန်းများကို AirAsia Mobile Application တွင် အဆိုပါဈေးဖြင့် ဝယ်ယူရရှိနိုင်မည် မဟုတ်ပါ။*

AirAsia X သည် အာရှ၊ သြစတေးလျ၊ နယူးဇီလန်နဲ့ အရှေ့အာရှတစ်ခွင့် ခရီးပန်းတိုင်ပေါင်း ၂၂ ခုကို ပျံသန်းပြေးဆွဲနေသည့် AirAsia လုပ်ငန်းစု၏ ခရီးရှည်၊ တန်ဖိုးနည်း လေကြောင်းလိုင်း လုပ်ငန်းခွဲ ဖြစ်သည်။