News

POST TYPE

ADVERTORIAL

Air Asia ကနေပြီး နှစ်သစ်ကူးပရိုမိုးရှင်းအဖြစ် ချင်းမိုင်၊ ဖူးခက်၊ မကာအို ခရီးစဉ်များအတွက် ၆၃ ဒေါ်လာက စတင်သည့် ဈေးနှုန်းများဖြင့် လေယာဉ်လက်မှတ်များ ရောင်းချ
02-Jan-2017

ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းဆုကို ပူပူနွေးနွေး ရရှိထားတဲ့ Air Asia ကနေပြီးတော့ နှစ်သစ်ကူး ပရိုမိုးရှင်းအဖြစ်နဲ့ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေကို လျှော့ချလျက်ရှိရာမှာ ရန်ကုန်၊ မန္တလေးကနေပြီး ဘန်ကောက်နဲ့ ကွာလာလမ်ပူကနေတစ်ဆင့် တိုက်ရိုက်ချိတ်ဆက် ပျံသန်းတဲ့ ချင်းမိုင်၊ ဖူးခက်၊ မကာအို၊ ပါ့သ် ခရီးစဉ်တွေအတွက် အမေရိကန ်ဒေါ်လာ ၆၃ ဒေါ်လာကနေ စတင်တဲ့ အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပါတယ်။

ဒါ့အပြင် ရန်ကုန်၊ မန္တလေးကနေ ဘန်ကောက်နဲ့ ကွာလာလမ်ပူ တိုက်ရိုက် ခရီးစဉ်တွေအတွက်လည်း အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာကနေ စတင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချလျက် ရှိပါသေးတယ်။

ဒီအထူးပရိုမိုးရှင်းဈေးနှုန်းတွေကို ခံစားခွင့် ရရှိဖို့ဆိုရင် ဒီနေ့က စတင်ပြီး ဇန်နဝါရီလ ၈ ရက်နေ့အတွင်းမှာ လေယာဉ်လက်မှတ် ကြိုတင် ဝယ်ယူရမှာပါ။

အဲဒီလို ကြိုတင်ဝယ်ယူတဲ့ လေယာဉ် လက်မှတ်တွေအတွက် ရွေးချယ်နိုင်တဲ့ ခရီးသွားခွင့် ကာလကတော့ ယနေ့က စတင်ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၊ ၃၁ ရက်နေ့အထိပဲ ဖြစ်ပါတယ်။

ဒီလေယာဉ်လက်မှတ်ခနှုန်းထားတွေထဲမှာ လေဆိပ်ခွန်ပါဝင်ပြီးဖြစ်သလို လေယာဉ်ဆီခ အပိုဆောင်း ကောက်ခံမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အခြား လိုအပ်တဲ့ ဝန်ဆောင်မှု စရိတ်တွေတော့ ထပ်ဆောင်းပေးဆောင်ရန် လိုအပ်ပါတယ်။

ဒီပရိုမိုးရှင်းအတွက် ထိုင်ခုံအရေအတွက် ကန့်သတ်ထားပြီး ခရီးစဉ် အားလုံးတော့ ပါဝင်မှာ မဟုတ်ပါဘူး။ စနေ၊ တနင်္ဂနွေ ပိတ်ရက်နဲ့ အခြား အများပြည်သူ ပိတ်ရက်တွေမှာ ပျံသန်းမယ့်ခရီးစဉ်တွေ အတွက်တော့ ဒီအထူးလျှော့ဈေး အစီအစဉ်က အကျုံးဝင်မှာ မဟုတ်ဘူးလို့လည်း Air Asia ရဲ့ ကြေညာချက်အရ သိရပါတယ်။


  • VIA