News

POST TYPE

ADVERTORIAL

The Voice Facebook စာမျက်နှာအတုနှင့် ပတ်သက်၍ စာဖတ်ပရိသတ်သို့ အသိပေးခြင်း
28-Dec-2016
The Voice နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် စာစောင်တို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာဖြစ်သော https://www.facebook.com/thevoicemyanmar.mm/ တွင် တိကျ မှန်ကန်သော သတင်းများ၊ ဆောင်းပါးများ၊ သတင်ဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက် ရှိပါသည်။

သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ဖော်ပြပေးလျက်ရှိသော The Voice ၏ လူမှုကွန်ရက် စာမျာနှာကို ဂုဏ်သိက္ခာ ထိခိုက်စေရန် ရည်ရွယ်၍ မသမာသူတို့က စာမျက်နှာအတု https://www.facebook.com/TheVoiceWeeklyJournal/ ပြုလုပ်ကာ သတင်းများ ပုံစံတူ ကူးယူးဖော်ပြခြင်း၊ တိကျ မှန်ကန်မှုမှု မရှိသော သတင်းများ လွှင့်တင်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း စာဖတ် ပရိသတ်များကို အသိပေးအပ်ပါသည်။

The Voice နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် စာစောင်တို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာဖြစ်သော https://www.facebook.com/thevoicemyanmar.mm/ ကို Vertification ရရှိရေး ဆောင်ရွက်လျက်ရှိပြီး The Voice လူမှုကွန်ရက် စာမျက်နှာ အတုပြုလုပ်သူကို တည်ဆဲဥပဒများဖြင့် အရေးယူရန် စီစဉ်လျက်ရှိပါကြောင်း ထပ်ဆင့် အသိပေးအပ်ပါသည်။
(The Voice စာမျက်နှာ အတုကို ပုံနှင့်တကွ ပူးတွဲ ဖော်ပြအပ်ပါသည်။)

အယ်ဒီတာ





  • VIA