News

POST TYPE

ADVERTORIAL

နှစ်သစ်ကူးပွဲတော်ကာလမှာ လက်ဆောင်ပေးဖို့ အကောင်းဆုံး Huawei စမတ်ဖုန်းများ
28-Dec-2016

မကြာခင်မှာပဲ နှစ်ဟောင်း ကုန်ဆုံးလို့ နှစ်သစ်ကူးကို ကူးပြောင်းခြင်းနဲ့အတူ အားလပ်ရက်တွေ၊ ပွဲတော်တွေ ပြည့်နေတဲ့ ကာလထဲကို ရောက်ရှိလို့ နေပါပြီ။ ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်ရ၊ ခင်ရသူတွေကို လက်ဆောင်ပေးကြမယ်ဆိုရင် ဒီနေ့ခေတ်ရဲ့ မရှိမဖြစ် အသုံးအဆောင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ စမတ်ဖုန်းတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုမှာ ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်း အမှတ်တံဆိပ် များစွာရှိတဲ့အထဲကမှ အရည်အသွေး ကောင်းမွန်သလို ဈေးနှုန်းလည်း သင့်တင့်တဲ့ နာမည်ကျော် Huawei စမတ်ဖုန်း မော်ဒယ်လ်တွေထဲ လက်ဆောင်ပေးလို့ ကောင်းတဲ့ စမတ်ဖုန်းမော်ဒယ်လ် ၃ မျိုးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဓါတ်ပုံရိုက်ရတာကို နှစ်သက်မြတ်နိုးသူတွေအတွက် Huawei P9

ကိုယ့်မိတ်ဆွေထဲက ဓါတ်ပုံရိုက်ရတာတွေ၊ ပါတီပွဲတွေကို နှစ်သက်တဲ့သူတွေကို လက်ဆောင်ပေးမယ်ဆိုရင် Huawei P9 ထက် ပိုကောင်းတဲ့လက်ဆောင် မရှိတော့ပါဘူး။ အမြင်နဲ့တင် အံ့သြစရာ ကောင်းလောက်အောင် လှပတဲ့ဒီဖုန်းမှာ အဆင့်မြင့် 2.5 D မှန်နဲ့ လေယာဉ် တည်ဆောက်ရာမှာ အသုံးပြုတဲ့ အလူမီနီယံ ကိုယ်ထည်ကို ထည့်သွင်းထားပြီး ထောင့်ချိုးတွေကို သေသေချာချာ ဟန်ချက်ညီအောင် စီမံထားတဲ့ အကွေးတွေနဲ့ ပြုလုပ်ထားပါတယ်။ 

ဒါ့အပြင် ကင်မရာ ထုတ်လုပ်ရာမှာ ထင်ရှားတဲ့ Leica နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာကြောင့် Huawei P9 မှာ ဓါတ်ပုံ တစ်ပုံချင်းစီကို အရည်အသွေးနဲ့ တိကျမှု ထူးခြား ကောင်းမွန်စေဖို့အတွက် Leica ရဲ့ ကမ္ဘာ့နာမည်ကြီး မှန်ဘီလူးတွေ ထည့်သွင်းထားတဲ့ ကင်မရာ နှစ်ခု ပါဝင်ပါတယ်။ ဖုန်းကို အရောင် (၄) မျိုးထဲက ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ 

နည်းပညာ ရှေ့ပြေးသမားတွေအတွက်  Huawei GR5 2017

Huawei GR5 2017 ဟာ နည်းပညာ ရှေ့ပြေးသမားတွေအတွက် သက်သာတဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်အောင် အထူး ထုတ်လုပ်ထားပေမယ့် နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ အရင် Huawei GR5 ကို အဆင့်မြှင့်တင်ထားပြီး အသုံးပြုသူတွေကို 0.3 စက္ကန့်နဲ့ autofocus ပြုလုပ်နိုင်စေတဲ့ စွမ်းဆောင်ရည်၊ ရိုက်လိုတဲ့အရာကို ထင်းပြီး နောက်ခံကို ဝါးအောင် ပြုလုပ်ပေးတဲ့ Bokeh ဓါတ်ပုံ effect အစစ်ကို ရနိုင်တဲ့ ကင်မရာ နှစ်ခု အတူတကွ အလုပ် လုပ်တဲ့စွမ်းဆောင်ရည်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် တစ်ချက်ထိလိုက်ရုံနဲ့ ကမ္ဘာတစ်ဝှမ်းကို ဆက်သွယ်နိုင်စေမယ့် စက္ကန့်ဝက်ထက်တိုတဲ့ အချိန်အတွင်းမှာ ဖုန်းကို လော့ခ်ဖြုတ်ပေးနိုင်ပြီး အရင်ဖုန်းတွေထက် ပိုမိုမြန်ဆန်၊ တိကျကာ ပိုမို လုံခြုံစိတ်ချရတဲ့ Huawei ရဲ့ အကောင်းဆုံး လက်ဗွေစနစ်လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် ဆန်းသစ်တဲ့ နည်းပညာတွေကိုမှ နှစ်သက်သူတွေ အတွက်ဆိုရင်တော့ GR5 2017 က အထူးသင့်လျော်မှာ ဖြစ်ပါတယ်။

စတိုင်လ်ကျတာကို သဘောကျပြီး Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက်  Huawei Y series 

ဈေးနှုန်း အများကြီး မပေးရဘဲနဲ့ လုပ်ဆောင်နိုင်စွမ်း အများအပြား ပါဝင်တဲ့ စမတ်ဖုန်းတွေထဲမှာ Huawei Y စီးရီးကတော့ အကောင်းဆုံးပါပဲ။ ပန်းရောင်၊ ရွှေရောင်နဲ့ အပြာရောင်တွေကို ရွေးချယ်နိုင်ပြီး နူးညံ့တဲ့ 3D Burberry အထိအတွေ့ကြောင့် Huawei Y6II က စတိုင်လ်ကျတာကိုသဘောကျတဲ့ ဒီဇိုင်းချစ်သူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အခြား တစ်ဖက်မှာလည်း Huawei Y5II ဟာ လျှပ်တပြက် ရိုက်ချက်တွေ ရိုက်ရတာ နှစ်သက်တဲ့ selfie ချစ်သူတွေအတွက် အထူး သင့်လျော်တဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ဖလက်ရှ်မီး ပါဝင်မှုနဲ့အတူ Huawei Y5II အသုံးပြုသူတွေဟာ ထူးခြားပြီး တောက်ပတဲ့ အကောင်းဆုံး selfie တွေကို ရရှိမှာ ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ Y3II မှာ notifications ကို သက်တံရောင်ရဲ့ အရောင်တစ်ခုချင်းစီ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ အနောက်ဘက်က သက်တံ့ အလင်းရောင်နဲ့အတူ စပီကာရဲ့အစွမ်း၊ 86 decibel ထိ ရောက်ရှိနိုင်တဲ့ အသံ အရည်အသွေးနဲ့အတူ Y3II ဟာ ပါတီပွဲ နှစ်သက်သူတွေအတွက် အထူး သင့်လျော်ပါတယ်။ 


  • VIA