News

POST TYPE

ADVERTORIAL

အမေရိကကို ကျောင်းသွားတက်ချင်တဲ့သူတွေ အတွက် ကုန်ကျစရိတ် သင့်တင့်ပြီး စာသင်ယူရာမှာ လွယ်ကူအဆင်ပြေအောင် ပံ့ပိုးပေးထားတဲ့ Cascadia College အကြောင်း
27-Dec-2016
အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက် သင်ယူဖို့ စဉ်းစားနေတဲ့သူတွေ အနေနဲ့ ဝါရှင်တန်ပြည်နယ် Bothell မြို့မှာရှိတဲ့ Cascadia College ကလည်း ထည့်သွင်းစဉ်းစားရမယ့် ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

Cascadia College ဟာ ဆိုရင် သူတို့ဆီမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေ စာသင်ယူမှု ပိုမိုလွယ်ကူအဆင်ပြေစေဖို့ Math & Writing Center၊ Open Learning Centerနဲ့ အွန်လိုင်းကနေ တစ်ဆင့် ဆရာနဲ့ တစ်ဦးချင်း ဆွေးနွေးသင်ကြားနိုင်မယ့် one-on-one online tutoring စနစ်တွေနဲ့ ပံ့ပိုးပေးထားတဲ့ ကျောင်းတစ်ကျောင်းပါ။

Cascadia College ကို ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီးUniversity of Washington, Bothell ကျောင်းပရဝုဏ်နဲ့ တွဲလျက်ဖွင့်ထားတဲ့ ကောလိပ်တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီကောလိပ်မှာ ၂ နှစ်ခန့် တက်ရောက်အောင်မြင်ပြီးပြီဆိုရင် သက်ဆိုင်ရာ associate degree ရရှိမှာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ကျောင်းတက်နိုင်ဖို့အတွက် ဆက်လက်လျှောက်ထားနိုင်မှာပါ။ Cascadia College ကို Northwest Commission on Colleges and Universities က ၂၀၀၆ ခုနှစ်မှာ တရားဝင် အသိအမှတ် ပြုထားပါတယ်။ 

ဒါ့အပြင် ကျောင်းသားတွေရဲ့ အသက်မွေးဝမ်းကြောင်း ရည်ရွယ်ချက်နဲ့ သင့်တော်နဲ့ ဘာသာရပ်တွေကို ရွေးချယ်ခြင်း၊ ဆက်လက်တက်ရောက်မယ့် တက္ကသိုလ်တွေ ရွေးချယ်ခြင်း စတဲ့ ပညာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးအကြံပေးတဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတာကြောင့် ကျောင်းသားတွေအနေနဲ့ မှန်ကန်တဲ့ ပညာရေးဆိုင်ရာ လမ်းကြောင်းကို လမ်းညွှန်ပြသနိုင်တဲ့ ကောလိပ်ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ 

အဲ့ဒီကျောင်းမှာ လူစိတ်ဝင်စားမှုများတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့ Art၊ Biology၊ Business၊ Computer Science၊ Engineering၊ Environmental Science၊ Global Studies၊ Psychology စတဲ့ ဘာသာရပ်တွေ အပါအဝင် ဘာသာရပ်ပေါင်း ၃၀ ခန့်ကို သင်ကြားပို့ချပေးနေတာကြောင့် ကျောင်းသားတွေ အနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကိုလည်း ရွေးချယ်တက်ရောက်နိုင်မှာပါ။ ကျောင်းလခအနေနဲ့ ဈေးနှုန်းသင့်တင့်တာမို့ အမေရိကန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေကြတဲ့သူတွေ မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်တဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

Cascadia College ကို လျှောက်ထားလိုတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒါမှမဟုတ် IGCSE အောင်မြင်ထားဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စာ အရည်အချင်းကတော့ IELTS 6.0 ဒါမှမဟုတ် TOEFL (PBT) 525 ဖြစ်ဖြစ်၊ TOEFL (IBT) 70 ဖြစ်ဖြစ် ရရှိထားဖို့ လိုအပ်ပါတယ်။ အသေးစိတ် သိချင်တယ် ဆိုရင်တော့ Cascadia College ကျောင်းဝက်ဆိုက် စာမျက်နှာဖြစ်တဲ့ http://www.cascadia.edu/international/ မှာ ဝင်ရောက်လေ့လာနိုင်သလို CROWN Education - ၀၁ ၅၂၇၈၃၈၊ ၀၉ ၇၃၂၇၃၂ ၇၇၊ ၀၉ ၅၀ ၈၅၁၈၅ ကိုလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 

ကျောင်းလခအတွက် ကျသင့်ငွေတွေကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။