News

POST TYPE

ADVERTORIAL

ကုန်ကျစရိတ် သက်သက်သာသာနဲ့ အမေရိကမှာ သွားရောက်ပညာသင်ကြားလိုသူတွေ အတွက် Florida Atlantic University
24-Dec-2016
Florida Atlantic University (FAU) ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလခ သက်သက်သာသာနဲ့ ကျောင်းသွားတက်လိုကြတဲ့ ကျောင်သားတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ 

Florida Atlantic University က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တောင်ပိုင်း Boca Raton ဆိုတဲ့ မြို့မှာတည်ရှိတဲ့ Second-Tier University တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီမြို့မှာ တစ်နှစ်ပတ်လုံးနီးပါး နေသာနေတဲ့အပြင် လှပတဲ့ ကမ်းခြေတွေနဲ့ ဝန်းရံထားပြီး ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေလည်း ရှိတာကြောင့် “Live and Study in Paradise” လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ 

ဒါ့အပြင် အစိုးရက ပုဂ္ဂလိက တက္ကသိုလ်တွေကို အထောက်အပံ့တွေပေးတဲ့ ပြည်နယ်တွေအထဲ ဖလော်ရီဒါပြည်နယ်လည်း ပါဝင်တာမို့ FAU ရဲ့ ကျောင်းလခက တခြားပြည်နယ်တွေက အဆင့်တူ တက္ကသိုလ်တွေရဲ့ ကျောင်းလခထက် ပိုပြီးသက်သာပါတယ်။ 

နာမည်ကြီး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Princeton Review က သတ်မှတ်လိုက်တဲ့ Best Business Schools စာရင်းထဲမှာFAU ရဲ့ College of Business ပါဝင်ပြီး အဲ့ဒီမှာ သင်ကြားပို့ချနေတဲ့ ဘာသာရပ်တွေအနက် စာရင်းအင်းပညာ ဘာသာရပ်က Certified Public Accountant Examination ရဲ့ အောင်ချက်အကောင်းဆုံး အဆင့် ၁၀ အတွင်း ဆက်တိုက်ရပ်တည်နေတာကြောင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေ လေ့လာသင်ယူလိုတဲ့ ကျောင်းသားတွေ အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် FAU မှာရှိတဲ့ Engineering၊ Biotechnology၊ Science ဘာသာရပ်တွေရဲ့ သုတေသန စင်တာတွေက ကမ္ဘာ့အကောင်းဆုံး သုတေသန စင်တာတွေမှာ ပါဝင်ပြီး High Research Activity University အဖြစ်လည်း သတ်မှတ်ခံထားရပါသေးတယ်။ 

FAU မှာ ကျောင်းတက်ချင်ပေမယ့် တိုက်ရိုက်ကျောင်းဝင်ခွင့် မရရှိဘူးဆိုရင် မိမိသင်ယူတဲ့ ဘာသာရပ်မှာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးမယ့် Navitas အဖွဲ့အစည်းရဲ့ Pathway Program တွေကနေ တစ်ဆင့် ဆက်လက်တက်ရောက်နိုင်မှာပါ။ 

တက္ကသိုလ်ဝင် စာမေးပွဲ ဒါမှမဟုတ် IGCSE အောင်မြင်ထားတဲ့သူတွေ အနေနဲ့ Undergraduate Pathway Program (UPP) တက်ရောက်နိုင်ပြီး တက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိထားတဲ့ သူတွေတော့ Pre-Master’s Program (PMP) ကို တက်ရောက်နိုင်မှာပါ။

Florida Atlantic University နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တယ် ဆိုရင် CROWN Education - ၀၁ ၅၂၇၈၃၈၊ ၀၉ ၇၃၂၇၃၂ ၇၇၊ ၀၉ ၅၀ ၈၅၁၈၅ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။