News

POST TYPE

ADVERTORIAL

ရုံးလုပ်ငန်းသုံး ပရိဘောဂ ဝယ်ယူတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်များ
23-Dec-2016


တစ်နိုင်၊တစ်ပိုင် ရုံးခန်းဖွင့်လှစ်မှာပဲဖြစ်ဖြစ်၊ ကုမ္ပဏီရုံးခန်း အနေနဲ့ ဝန်ထမ်းတွေနဲ့ ကြီးမားတဲ့ ရုံးခန်း တစ်ခု ဖွင့်လှစ်မှာပဲ ဖြစ်ဖြစ် ရုံးလုပ်ငန်းသုံး ပရိဘောဂတွေကို မဖြစ်မနေ ဝယ်ယူရတော့မှာပဲ ဖြစ်ပါတယ်။ 

စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့်အိမ်ဧည့်ခန်း အပြင်အဆင်ထက် ပိုပြီး ဂရုတစိုက် ပြင်ဆင်ရမယ်ဆိုတာတော့ အထူး ပြောနေဖို့တောင် လိုမယ် မထင်ပါဘူး။ ကိုယ့်ရုံးခန်းရဲ့ အပြင်အဆင်၊ ဒီဇိုင်းနဲ့ သုံးစွဲထားတဲ့ ပရိဘောဂတွေဟာ ခေတ်မီပြီး အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုး ဖြစ်နေမှသာ Customerတွေရဲ့ အထင်ကြီး လေးစားမှုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို အဆင်အပြင် ဒီဇိုင်းက ခေတ်မီ အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုး ရရှိဖို့အပြင် တစ်ဖက်မှာလည်း ရေရှည်ခံတဲ့ ပစ္စည်းမျိုးတွေကို ရွေးချယ်ဖို့လည်း ဂရုပြုရမှာ ဖြစ်ပါတယ်။ ဒါမှသာ ခဏလေးနဲ့ ပျက်စီးသွားလို့ မကြာခဏ ပြုပြင် ထိန်းသိမ်းရတဲ့ ဒုက္ခနဲ့လည်း ကင်းဝေးနိုင်မှာပါ။

ဒီနေ့ခေတ်မှာ ဒီဇိုင်းအရ ကျစ်လစ်လှပသလို ရေရှည်လည်း အသုံးပြုခံမယ့် အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ရုံးသုံး ပရိဘောဂတွေကို ပြည်တွင်းမှာပဲ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်း ထိပ်တန်း ပရိဘောဂ ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ UniQ Furniture Factory က ပြောပြဝေမျှတဲ့ ရုံးလုပ်ငန်းသုံး ပရိဘောဂတွေ ဝယ်ယူရာမှာ ထည့်သွင်း စဉ်းစားရမယ့် ဒီနေ့ခေတ် ခေတ်မီ နည်းပညာတွေ အကြောင်းကိုလည်း ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ပြောပြချင်တာကတော့ MFC လို့ အတိုကောက်ခေါ်တဲ့ Melamine Faced Chipboard အကြောင်းပါ။ မယ်လမင်း (Melamine)သား စားပွဲမျက်နှာပြင် ပျဉ်ချပ်တွေဟာ သစ်သား အပါအဝင် အခြား အသားနဲ့ပြုလုပ်ထားတဲ့ စားပွဲမျက်နှာပြင်တွေထက် အားသာချက်တွေ ရှိနေပါတယ်။ အဓိက အားသာချက်တွေကတော့ ဈေးနှုန်းသက်သာတာ၊ အကြမ်းခံပြီး ခြစ်ရာ၊ စင်းရာတွေ အလွယ်တကူ မထင်နိုင်တာ၊ အသုံးပြုရ လွယ်ကူပြီး လိုအပ်သလို တပ်ဆင်နိုင်တာ၊ ကပ်ထားတဲ့ကော် သက်တမ်းကုန်လို့ ကွာကုန်တာမျိုး မရှိတာတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရုံးခန်းအတွက် ရုံးသုံး စားပွဲတွေကို MFC ခေါ် Melamine Faced Chipboard အသုံးပြုထားတဲ့ စားပွဲမျိုးတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ UniQ Furniture Factory မှာဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ပရိဘောဂ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Panel Plus ရဲ့ MFC မျက်နှာပြင်ကို အသုံးပြုထားတဲ့ ပရိဘောဂတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ပြောပြချင်တာကတော့ UniQ Furniture Factory က အသုံးပြုနေတဲ့ ရုံးလုပ်ငန်းသုံး ပရိဘောဂတွေကို တပ်ဆင်မှု နည်းပညာ တစ်ခုဖြစ်တဲ့ Mini Fix နည်းပညာအကြောင်း ဖြစ်ပါတယ်။ Mini Fix နည်းပညာနဲ့ တပ်ဆင်ထားတဲ့ ပရိဘောဂ တွေဟာဆိုရင် သာမန်ခေတ်ဟောင်း ဘရတ်ကတ် နည်းပညာနဲ့ တပ်ဆင်ထားတဲ့ ပရိဘောဂတွေထက် ပိုမိုခိုင်ခံ့ခြင်း၊ လုပ်ဆောင်ချက်တွေ ပိုမို မှန်ကန်ခြင်း၊ အကြိမ်ကြိမ် ပြန်လည် အသုံးပြုနိုင်တဲ့ PP Nut တွေကို အသုံးပြုခြင်း၊ ချိန်ညှိနိုင်စွမ်း ပိုမို သာလွန်ခြင်းဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။ 

ရုံးခန်းသုံး ထိုင်ခုံတွေ ဝယ်ယူတဲ့နေရာမှာလည်း ခုံဆိုဖာတွေမှာ အသုံးပြုထားတဲ့ ရေမြုပ်တွေ၊ ဟိုက်ဒြောလစ် နည်းပညာနဲ့ ဆုံလည်ခုံတွေရဲ့ ဘီးအလုပ်လုပ်ပုံစနစ်တွေက အဆင့်မီ ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ရေရှည်ခံဖို့အတွက် စဉ်းစားတဲ့ နေရာမှာတော့ ကိုယ်ဝယ်ယူမယ့် ရုံးလုပ်ငန်း ပရိဘောဂကို အမြင်နဲ့ စစ်ဆေး အတည်ပြုတာအပြင် ဖြစ်နိုင်မယ်ဆိုရင် အာမခံ ပေးထားတဲ့ ပစ္စည်းမျိုးတွေကို ဝယ်ယူတာက ပိုမို စိတ်ချရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးအနည်းငယ် ပိုပေးရမယ် ဆိုရင်တောင် ဈေးသက်သာပေမယ့် လပိုင်းသာ အသုံးပြုပြီး ပျက်စီးသွားနိုင်တဲ့ ရုံးသုံးပရိဘောဂတွေထက်၊ ဈေးအနည်းငယ် ပိုပေးပြီး အာမခံချက်ရှိတဲ့ ပစ္စည်းမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ UniQ Furniture Factory မှာတော့ တစ်နှစ် အာမခံ ပါဝင်တဲ့ ရုံးလုပ်ငန်းသုံး ပရိဘောဂတွေကို ရောင်းချပေးလျက် ရှိတယ်လို့ သိရပါတယ်။

UniQ Furniture Factory က ရောင်းချလျက် ရှိတဲ့ ပရိဘောဂ ပစ္စည်းတွေနဲ့ ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေအကြောင်း အသေးစိတ် သိရှိလိုတယ်၊ စုံစမ်းမေးမြန်းလိုတယ်ဆိုရင် အမှတ် ၆၇၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - 01 225374 ၊ 09 774288801၊ 09 774288802 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။


  • VIA