News

POST TYPE

ADVERTORIAL

ယာဉ်မောင်းများ ဘေးကင်းစွာ ယာဉ်မောင်းနှင်နိုင်ရေး လိုအပ်သည့် ကျွမ်းကျင်မှုများ ရှိစေရန် Ford Myanmar က အခမဲ့ သင်တန်းပေး
20-Dec-2016
ကမ္ဘာကျော် ကားကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Ford ရဲ့ မြန်မာလုပ်ငန်းခွဲ Ford Myanmar ကနေပြီး ယာဉ်မောင်းတွေ ဘေးကင်းလုံခြုံစွာ ယာဉ်မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေ ရှိစေရေးအတွက် အခမဲ့ သင်တန်းပေးမယ့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

Driving Skills For Life (DFSL) ဆိုတဲ့ အမည်နဲ့ ကျင်းပတဲ့ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ယာဉ်မောင်းတွေ ဘေးအန္တရာယ် ကင်းရှင်းစွာ ယာဉ်မောင်းနှင်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားပေးခြင်းဖြင့် ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံး၊ ဒဏ်ရာရရှိမှုတွေကို တစ်ဖက်တစ်လမ်းကနေ လျှော့ချပေးနိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ Ford Myanmar က ကြေညာထားပါတယ်။

DFSL အလုပ်ရုံ ဆွေးနွေးပွဲမှာ သဘောတရားပိုင်းတွေကို စာတွေ့သင်ကြားပေးမယ့် အချိန်ပါဝင်သလို ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့မောင်းနှင်ရတဲ့ အချိန်တွေလည်း ပါဝင်ခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ အတွင်း သင်ကြားဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ကားစစ်ဆေးခြင်း၊ တာယာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ယာဉ်မောင်းနှင်မှု နည်းစနစ်များ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှုများနဲ့ လမ်းအန္တရာယ် ကင်းရှင်းရေး ခြုံငုံသုံးသပ်ခြင်းတို့ ပါဝင်မယ်လို့ Ford Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၂၊၁၃၊ ၁၄ ရက်နေ့တွေမှာ ခရီးသည်ပို့ဆောင်ရေး ဌာနခွဲ၊ အမှတ် (၅) လိုင်း၊ ၆ ကွေ့ မီးပွိုင့်အနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

DFSL အလုပ်ရုံ ဆွေးနွေးပွဲကို အချိန် ၆ ချိန်ခွဲကာ ပြုလုပ်ခဲ့ပြီး တက်ရောက်ဖို့အတွက် စိတ်ပါဝင်စားသူတွေ အနေနဲ့ ကိုယ်နှစ်သက်အဆင်ပြေရာ အချိန်တစ်ချိန်ကို ရွေးချယ်တက်ရောက်ခွင့် ရခဲ့ပါတယ်။